မတ်လ ၂၀ ရက်တွင် အတည်ပြုခဲ့သည့် ယင်းဥပဒေတွင် ခန္ဓာကိုယ်အချိုးအစား ညွှန်းကိန်း BMIအရ ကိုယ်အလေးချိန် ပုံမှန်ထက်နည်း လွန်းသည်ဟု ဆရာဝန်က သတ်မှတ်သော အမျိုးသား၊ အမျိုးသမီး များကို မော်ဒယ်အလုပ်များ၌ ငှားရမ်းခွင့်မပြုကြောင်း ပြဋ္ဌာန်းထားသည်။ ဥပဒေ၏ ရည်ရွယ်ချက်မှာ လူများ အကြား ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ပုံရိပ်ကို မြှင့်တင်ရန်နှင့် အစားအသောက်စားသုံးပုံ မူမမှန် မူများကို လျှော့ချရန်ဖြစ်သည်။ ဥပဒေကို တင်သွင်းသည့် အမတ်များ အနက်တစ်ဦးဖြစ်သည့် အမတ်ရေချယ်အဒါတိုက "အလှအပဆိုတာ ကိုယ် အလေးချိန်ပုံမှန်အောက်ရှိခြင်းကို မဆိုလိုပါဘူး။ လှပခြင်းဆိုတာ ပိန်လွန်းခြင်း မဖြစ်သင့်ပါဘူး" ဟုပြောသည်။ ၂၀ဝ၆ ခုနှစ်က လက်တင်အမေရိကမှ ပိန်လွန်းသော မော်ဒယ်နှစ်ဦး သေဆုံးခဲ့ပြီးနောက် အီတလီ၊ အိန္ဒိယ အပါအဝင် နိုင်ငံအများ အပြားသည် ကက်ဝါတ်လမ်းလျှောက်ပွဲများတွင် ကိုယ်အလေးချိန် ပုံမှန်ထက်လျော့ နေသော မော်ဒယ်များကို ပိတ်ပင်တားမြစ်ခဲ့သည်။ —Ref: Reuters http://www.yoyarlay.com






0 comments:
Post a Comment