http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

17 Mar 2012

မအူပင်ကို ဒေါ်အောင်ဆန်းစုကြည်လာဖို့ မြို့ခံလူငယ်တွေ မေတ္တာရပ်ခံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဧရာဝတီတိုင်း မအူပင်မြို့ကို ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်အဖြစ် လာရောက်ဖို့ မြို့ခံလူငယ် (၄၀)နီးပါးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာ မနေ့မနက်က စုရုံးပြီး မေတ္တာရပ်ခံခဲ့ကြပါတယ်။
RFA
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နေပြည်တော်၌ တွေ့ဆုံနေစဉ်။
အဲဒီလူငယ်တွေဟာ မအူပင်မြို့ကနေ ကားသုံးစီးနဲ့ ရန်ကုန်မြို့ကို လာရောက်ခဲ့ကြပြီး တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့မှာ ပိုစတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံတွေ ကိုင်ဆောင် စုရုံးခဲ့ကြပြီး တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေနဲ့ မအားလပ်သော်လည်း မအူပင်မြို့လူထုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်စေလိုတဲ့ ဆန္ဒပြင်းပြနေကြတဲ့အတွက် အခုလို မေတ္တာရပ်ခံရတာ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မအူပင်ကိုလာဖို့ မဖြစ်နိုင်သေးကြောင်း အခြေအနေတွေကို ရှင်းပြခဲ့ရာ လူငယ်တွေ လက်ခံသွားခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မအူပင်မြို့နယ်ကနေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအနေနဲ့ ဦးစိန်ဝင်းဟန်က ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကို ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ လားရှိုးမြို့ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီဘုရားဝင်းမှာ လူထု ဟောပြောပွဲကျင်းပဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်ညနေပိုင်းမှာ ရန်ကုန်မြို့ကို လေယာဉ်နဲ့ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။                     http://www.rfa.org/burmese/news/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif