http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

တိရ စ္ဆာန် အခွင့်အရေး များက လက်မခံ သည့် အရာများ

တိရစ္ဆာန် အခွင့် အရေး များ (Animal Rights) က တိရိစ္ဆာန် များ၏ အသက် ကို စတေး ရသော အဖွဲ့အစည်း များအား လှူဒါန်းခြင်းကို လက်မခံပါ
March Dimes, The American Cancer Society၊ Muscular Dystrophy Association ကဲ့သို့သော အဖွဲ့အစည်းများတွင် ထည့်ဝင်လှူဒါန်းသော အလှူငွေများ ဖြင့် တိရစ္ဆာန်များအား ရက်စက်ကြမ်း ကြုတ်သော စမ်းသပ်မှုများပြုလုပ်ပါ သည်။ တိရစ္ဆာန်များကို ထိခိုက်နာ ကျင် ခံစားစေသည့်အပြင် အခြား အလားတူ အသက်ကယ်နိုင်သော ထိ ရောက်သည့် စီမံကိန်းများထံမှ ငွေ ယိုစီးသွားမှုလည်း ဖြစ်စေနိုင်ပါသည်။ တိရစ္ဆာန်တိုင်း သတ္တဝါရယ်လို့ ဖြစ်လာပြီဆိုကတည်းက နာကျင်မှု၊ ဝေဒနာနှင့်သေဆုံးမှုဆိုတာ ရှိနေကြ တာမှန်သော်လည်း ထိုဝေဒနာများက အစမ်းသပ်ခံ သတ္တဝါလေးများဖြစ် သောြွကက်၊ ယုန်၊ ခွေး၊ ကြောင်၊ ဝက်တို့ ခံစားရသော ဝေဒနာများ နှင့် ကွာခြားပါသည်။
လူတွင်ရရှိမည့် အကျိုးအာနိသင်ကို အခြားမျိုးရင်း မတူသည့် သတ္တဝါတစ်ကောင်အပေါ် မှာ စမ်းသပ်ခြင်းဟာလည်း အဓိပ္ပာယ် ရှိတဲ့ သိပ္ပံပညာရပ်ဆိုင်ရာ ကောက် ချက်ချမှု မဖြစ်နိုင်ပါ။ စားသုံးသူတွေ ဟာ လူသုံးကုန်၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးများ ဝယ်ယူတဲ့အခါ တိရစ္ဆာန် များကို ရက်စက် ကြမ်းကြုတ်စွာ စမ်းသပ်ထားခြင်းမဟုတ်ဘဲ အခြား နည်းလမ်းများဖြင့် စမ်းသပ်ထုတ်လုပ် ထားတဲ့ ကုန်ပစ္စည်းမျိုးကို ရွေးချယ်ရန် အခွင့်အလမ်းရှိပါသည်။
ကျန်းမာ ရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသမှု တွေမှာ လှူဒါန်းမယ်ဆိုရင် ခေတ်နဲ့ လိုက်လျောညီထွေရှိပြီး ကျင့်ဝတ်နဲ့ ညီညွတ်တဲ့ Easter Seals၊ ဟယ်လင် ကဲလားအင်တာနေရှင်နယ်၊ Children's Burn Foundation၊ အမေရိကန် ရင်သား ကင်ဆာအဖွဲ့အစည်း (The American Breast Cancer Foundation)၊ Spinal Cord Injury Network International)၊ လိုမျိုး အဖွဲ့အစည်းများမှာ လှူဒါန်း သင့်ပြီး ゞင်းအဖွဲ့အစည်းတွေလိုမျိုး မကျန်းမာ၊ မသန်စွမ်းတဲ့သူတွေကို Non- Animal Test Methods တိရစ္ဆာန်များကို အသုံးမချဘဲ စမ်းသပ် သောနည်းများကို အသုံးပြုတဲ့ အဖွဲ့ အစည်းတွေကို လှူဒါန်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။
တိရစ္ဆာန်အခွင့်အရေးများ Animal Rights ဆောင်းပါးအစပိုင်း မှာ ဖော်ပြခဲ့ဖူးတဲ့အတိုင်း "တိရစ္ဆာန် များသည် ကျွန်ုပ်တို့အတွက် စမ်းသပ် မှုများမှာ အသုံးချစရာများ မဟုတ်ပါ" Animals are not ours to use for experiments" ။ ယခုအခါ လူသားတို့၏ ကလာပ် စည်းများအား ဓာတ်ခွဲခန်းတွင် မွေးမြူ ပွားများပြီး ဆေးဝါး၊ အလှကုန်တို့နှင့် ဓာတ်တုံ့ပြန်မှုများ စမ်းသပ်သည့် နည်းလမ်းများ အပါအဝင် တိရစ္ဆာန် များကို အသုံးမပြုသည့် အခြားနည်း လမ်း အချို့လည်း ပေါ်ပေါက်လာပြီ ဖြစ်ပါသည်။ အဲဒီနည်းလမ်းတွေဟာ ငွေကြေးကုန်ကျမှု ပိုမိုနိုင်ပြီး နည်း ပညာပိုင်းဆိုင်ရာ အခက်အခဲအချို့ လည်း ရှိနိုင်ပါသည်။ ဒါပေမယ့် Animal Rights အရကြည့်ရင် ကျင့် ဝတ်နဲ့ ညီညွတ်ပါသည်။
ဆက်ရန်                                   http://www.yoyarlay.com    

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif