http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Mar 2012

ထက်ထက်မိုးဦးအမှု မနက်ဖြန် အမိန့်ချမည်

7 Day သတင်းဂျာနယ်မှ သတင်းထောက် တစ်ဦး အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုဖြင့် တရားစွဲဆို ခံထားရသော သရုပ်ဆောင် ထက်ထက်မိုးဦး၏ အမှုကို ရန်ကင်းမြို့နယ် တရားရုံးမှ မနက်ဖြန် မတ်လ ၁၂ ရက်နေ့တွင် အမိန့်ချမှတ် တော့မည် ဖြစ်ကြောင်း ဂျာနယ် အမှုဆောင်အယ်ဒီတာ တစ်ဦးက ပြောကြားသည်။

 ရက်ပေါင်း ၆၀၀ ကျော် ကြာမြင့်ခဲ့ပြီး ရုံးချိန်းပေါင်း ၆၀ ခန့် ခေါ်ယူ စစ်ဆေးခဲ့ရသော အဆိုပါ အမှုမှာ ၂၀၁၀ ခုနှစ် မေလ ၁၉ ရက်နေ့ ညဦးပိုင်းတွင် ရန်ကုန်မြို့တော် ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သော ကုန်ပစ္စည်း မိတ်ဆက်ပွဲ တစ်ခုတွင် ထက်ထက်ဦးမိုးဦးက ယင်းဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့ကြောင်း တရားလို ဖြစ်သူက စွပ်စွဲထားသည်။    http://www.thithtoolwin.com/2012/03/blog-post_1663.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif