http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Apr 2012

မြန်မာ အလုပ်သမား နှစ်သိန်းကို ထိုင်းက ခေါ်ယူမည်


မြန်မာ အလုပ်သမား နှစ်သိန်းကို ထိုင်းက  ခေါ်ယူမည်
မြန်မာနိုင်ငံမှ အလုပ်သမား နှစ်သိန်းကို ထိုင်းနိုင်ငံ က ခေါ်ယူသွား မည်ဖြစ်ကြောင်း သိရ သည်။ ထိုင်းနှင့် မြန်မာ အရာရှိများ မြန်မာနိုင်ငံတွင် တွေ့ ဆုံကြ မည်ဖြစ်ပြီး ယင်းတွေ့ဆုံမှုတွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံအစိုးရ သဘောတူညီချက် စာချုပ်ချုပ်ဆိုပြီး အဆိုပါ အလုပ် သမား နှစ်သိန်း ကို ခေါ်ယူ သွားရန် ဆွေးနွေးသွားမည်ဟု သိရသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးရုံး ငါးရုံးဖွင့်ရန်ကိစ္စအား ထိုင်းနိုင်ငံဘက်မှ နှောင့်နှေးမှုများ ရှိနေကြောင်း ယင်းကို မြန်မာနိုင်ငံမှ အလုပ်သမား ဝန်ကြီးဌာနမှ တာဝန်ရှိသူက ထိုင်းနိုင်ငံတွင် သွားရောက်ကာ တွန်းအားပေးကြောင်း၊ ယင်းအပြင် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူက ထိုင်းနိုင်ငံသို့ စာချုပ် MOU ဖြင့် တရားဝင် အလုပ်သွားလုပ်နေသည့် မြန်မာနိုင်ငံသား အလုပ်သမားများ ဆန္ဒပြမှုများ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုခံရခြင်းများ စသည်တို့ကို ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif