ကမ္ဘာ လှည့်များ အဓိက ဝင်ရောက်ရာ ရန်ကုန်မြို့တွင် ဟိုတယ် များသည် အခန်း မလုံလောက်ဖြစ်နေ မှုကို အခွင့်ကောင်းယူ၍ မတ်လကုန်ခန့် မှစတင်ကာ အခန်းခများကို ထပ်မံတိုးမြှင့်လိုက်ပြီး ဝန်ဆောင်မှုနှင့် မသင့် တင့်သောဈေးနှုန်း များဖြစ်နေသည့် အတွက်မြန်မာခရီးသွား လုပ်ငန်း အနာဂတ်အတွက် စိုးရိမ်စရာ အခြေအနေတွင်ရှိနေသည်ဟု ပြောဆို မှုများ ရှိနေသည်။ "ကုန်သည်ကြီးများဟိုတယ်က တစ်ရက်ကို ၁၄၀ ကနေ ၁၈၀ ဝန်းကျင် ဖြစ်သွားတယ်။
ဒါဟာမဖြစ်သင့်တာပဲ" ဟု စင်ကာပူနိုင်ငံသား စင်ချီရင်က ပြောဆိုသည်။ အလားတူမြန်မာနိုင်ငံ သို့လာ ရောက်လည်ပတ် သူများသည် ဟိုတယ် များ ကိုပေးရသည့် ဈေးနှုန်းနှင့် ရရှိသည့် ဝန်ဆောင် မှုမှာ ထိုက်တန်ခြင်း မရှိဟု မတ်လတွင်းက လာရောက်လည်ပတ်ခဲ့ သည့်ဂျာမနီနှင့် အမေရိကန်နိုင်ငံ သားအချို့ The Vocie Weekly သို့ ပြောကြားသည်။ လာမည့်မေလ ၁ ရက်နေ့မှစတင် ၍လည်းပြည် တွင်းလေကြောင်းလိုင်း များသည် ဆီဈေးနှုန်းအတွက် ခရီးစဉ် အလိုက် ၁၁ ဒေါ်လာ၊ ၁၉ ဒေါ်လာ၊ ၂၇ ဒေါ်လာ စသည်ဖြင့် ထပ်မံကောက်ခံ ရန် ရှိနေသည်။ "ရန်ကုန်က အစားအသောက်တွေ ဟာ ဘန်ကောက်၊ ဟနွိုင်းတို့ထက် ဈေး ချိုတယ်လို့ ကျွန်မမထင်ဘူး။
Taxi တွေ ကလည်း နိုင်ငံခြားသားဆိုပိုတောင်းကြ တယ်။ မီတာလည်းမရှိ၊ Air con မရှိနဲ့" ဟု ရန်ကုန်တွင်အလုပ်ကိစ္စဖြင့် နှစ်လခန့် လာရောက်နေထိုင်ခဲ့သူ ဂျာမနီနိုင်ငံသူ တစ်ဦးက ပြောဆို သည်။ မြန်မာနိုင်ငံကို CNN အပါအဝင် သတင်းဌာနများက ကမ္ဘာပေါ်တွင် သွားလာလည်ပတ်စရာနေရာအဖြစ် ယခုနှစ်ဦး ၌ ဖော်ပြလိုက်သည့်နောက် ပိုင်း မြန်မာနိုင်ငံသို့ ခရီးသည်လာရောက် မှုသည် ယခင်နှစ်ထက် ၂၆ ရာခိုင်နှုန်း ကျော် တိုးတက်လာကာ ခရီးသည် ငါးသိန်းခန့် ယမန်နှစ်တွင် လာရောက်ခဲ့ ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ၂၀၁၂ နှစ်ဦး ပိုင်းတွင် ပြောကြား ခဲ့ သည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလျက်ရှိ သော ဒေသတွင်းနိုင်ငံများအကြား မြန်မာနိုင်ငံအနေဖြင့် ခရီးသွားတိုးတက် ရန် တာစူလျက်ရှိသောအချိန်တွင် ရန်ကုန်မြို့ရှိ ဟို တယ်ဈေးနှုန်းများ တိုးမြှင့်ပြောင်းလဲနေသည့် အတွက်ပြည်ပ ဧည့်သည်များအားဝန်ဆောင်မှုပေးနေ သော ခရီးသွားအေးဂျင့်များအခက်အခဲ များဖြစ်ပေါ် လျက်ရှိကြောင်း ခရီးသွား လုပ်ငန်းအေးဂျင့်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ "အခုဆို Impact ကစလာပြီ။ လာမယ့် Winter Season အတွက် ခရီးစဉ် ရောင်းတဲ့အခါမှာ မြန်မာနိုင်ငံမပါ တော့ဘူး" ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်အသင်းအမှုဆောင် ဦးနောင်းနောင်းဟန်က ဆိုသည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ နိုင်ငံခြား သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၊ NGO အဖွဲ့အစည်းများ ဝင်ရောက်လာသည့်အတွက် Demand များ လာ ကာ ဈေးနှုန်းများ တက်လာခြင်းဖြစ် ကြောင်း၊ ယခုအခါ ဟိုတယ်များသည် ယခင်လက်တွဲလုပ်ကိုင်ခဲ့သော Tour Agent များအား အမှုမထားတော့ဘဲ Cooperative Market ကိုသာဦးစားပေး လာကြောင်း၎င်းကရှင်းပြသည်။ ယခင်ဒေါ်လာ ၁၀ဝ ဖြင့်စာချုပ် ထားသော်လည်း ယခုအခါ ပေါက်ဈေး အတိုင်း သာရောင်းချပေးနေကြောင်း၊ တစ်ယောက်ခန်း၊ နှစ်ယောက်ခန်းကို ယခင်က ဒေါ်လာ ၁၅၀မှ ယခုအခါ ဒေါ်လာ ၁၈၅ ဖြင့်ရောင်းချပေးလျက် ရှိကြောင်း ယခုလ ၁၈ ရက်နေ့က နတ် မောက်လမ်းရှိ CHATRIUM ဟိုတယ် ရှိ ဧည့်ကြိုဝန်ထမ်းထံမှ စုံစမ်းသိရှိ ရသည်။
"အခုဆို ဟိုတယ်တွေက ငွေရေး ကြေးရေးအရ ဈေးမဆစ်တဲ့ Cooperative Market ကို ဦးစားပေးလာတယ်။ အရင်က လက်တွဲခဲ့တဲ့ Tour Agent တွေအတွက်ကို ပြန်မကြည့်ကြ တော့ဘူး"ဟု အင်္ဂလိပ်ဘာသာ ဧည့် လမ်းညွှန် ကိုနေလင်းထိုက်ကဆိုသည်။ ယင်းသို့ဟိုတယ်အခန်းခများ တက် ယူခြင်းကြောင့် Tour Agent များ အကြားမကျေနပ်မှုများရှိလာကြောင်း၊ ယခင်က ဟိုတယ်များသည် Tour Agent များအတွက် ဟိုတယ်အခန်း ၈၀ ရာခိုင်နှုန်းချန်ထားပေးသော်လည်း ယခု အခါ ၂၀ ရာခိုင်နှုန်းကိုမျှ ချန်ထားပေးခြင်းမရှိကြောင်း ၎င်းက ယခုဖြစ်နေ သည့် ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ ဟို တယ်နှင့် Tour Agent များအခြေ အနေကို ပြောကြားသည်။
"ဟိုတယ်တွေက အခုထိဈေးနှုန်း မငြိမ်သေးဘူး။ ဥပမာ-Agent ကုမ္ပဏီ တစ်ခုကို ဒေါ်လာ ၁၀ဝ နဲ့ Contract ပေးလိုက်တယ်။ တစ်ပတ်နှစ်ပတ်လည်း ကြာရော ၁၅၀ ဖြစ်တယ်။ ဒါလောက်က ညှိနှိုင်းလို့ရပေမယ့် နှစ်ဆ၊ နှစ်ဆခွဲ လောက်တက်တော့ ဟိုဘက်က Agent နဲ့ရှင်းလို့မရတော့ဘူး။ ဒါတောင် ခရီး စဉ်ရောင်းတုန်းက ၃၀ ရာခိုင်နှုန်းပို ဆောင်ပြီး ရောင်းပေးလို့ပြောလို့ရောင်းတာ။ အခုဆို တချို့ဟိုတယ်ခန်းတွေက ၁၈၀၊ ၂၀ဝ၊ ၂၅၀အထိကိုရောင်းကြ တယ်"ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်အသင်း အလုပ်အမှုဆောင် ဦးနောင်း နောင်းဟန်က ရှင်းပြသည်။ Yuzana Garden Hotel အထွေထွေ မန်နေ ဂျာ ဒေါ်ကေသီနိုင်က "ကျွန်မတို့ဟိုတယ်က Agent တွေနဲ့ စက်တင်ဘာလအထိ Contract လုပ် ထားတာဆိုတော့ Contract အတိုင်းပဲ ရောင်းတယ်။
ဒီပြင် ကြိုကြားဝင်တဲ့ ဧည့်သည်တွေကိုတော့ ပေါက်ဈေး အတိုင်းပဲရောင်းတယ်။ Room Rate က တော့ ပုံမှန်တက်နေတာပဲ"ဟု ဆိုသည်။ ယင်းကဲ့သို့ ဟို တယ်ခ၊ အခန်းခများ၊ ဝန်ဆောင်မှုများပြောင်းလဲလာသော ခရီးသွားလုပ်ငန်းတွင်းရှိ ဟိုတယ် ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များနှင့် အခြားဆက် စပ်နေ သူ အောက်ခြေလူ တန်းစားအများစုမှာ လစာတိုးခြင်း၊ ဝင်ငွေတိုးခြင်းမရှိဟု ဧည့်လမ်းညွှန် တစ်ဦးက ပြောဆိုသည်။
www.yoyarlay.com/
0 comments:
Post a Comment