http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Apr 2012

အချစ်သင်္ကေတ မြင်ရတော့မယ်


အချစ်သင်္ကေတ မြင်ရတော့မယ်
Media Kabar မှတင်ဆက် တဲ့ မြန်မာရုပ်သံ ဇာတ်လမ်းတွဲ The Sign of Love အချစ် သင်္ကေတကို MRTV-4 မှ ပထမဆုံး အကြိမ် မြန်မာ ရုပ်သံ ဇာတ်လမ်းတွဲ အဖြစ် ပြသမှာ ဖြစ်ပြီး 4-Digital ရုပ်သံလိုင်း ဖြစ်တဲ့ င်္For Drama ရုပ်သံလိုင်းမှာလည်း ပြသပေးမှာ ဖြစ်တယ်လို့ သိ ရပါတယ်။
အဆိုပါဇာတ်လမ်းတွဲမှာ မျက်နှာသစ် သရုပ်ဆောင်များ ဖြစ်တဲ့ မြတ်သူကျော်၊ ဘုန်းရှိန်ထက်၊ ကောင်းမြတ်စံ၊ စိုးနန္ဒာကျော်၊ ဝင့် ယမုံလှိုင်တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပြီး ရန်ကျော်၊ သန်းသန်း စိုး၊ ဦးဇော်မှိုင်း၊ ဦးဝင်းမြိုင်နဲ့ အခြားသော အနုပညာရှင် များစွာလည်း ပါ ဝင် သရုပ်ဆောင် ထားကြပါတယ်။
ဒါရိုက်တာကောင်းဇံ (MRTV-4)၊ Assistant Director ထင်ကျော်နဲ့ Director of Photography ပြည် သစ်ခိုင်(MRTV-4) တို့က ပုံဖော် တေးရေးမြင့်မိုးအောင်က ရေးပေး တာဖြစ်ပါတယ်။
အဆိုပါဇာတ်လမ်း တွဲက မြန်မာ ပရိသတ် ကြားထဲမှာ ဘယ်လောက်ထိ ထိုးဖောက် နေရာ ယူနိုင်မလဲ ဆိုတာ ဧပြီလ ၂၆ ရက် နေ့မှာစလွှင့်မယ့် ရုပ်သံ အစီအစဉ်မှာ ကြည့်ရှုခွင့် ရတော့မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက် ရပါတယ်။  
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif