http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Apr 2012

ဘယ်သူ ဘာပြောပြောပါ မင်းအုပ်စိုးက အေးချမ်းပါတယ်ဟု ဆိုလာသူ


ဘယ်သူ ဘာပြောပြောပါ မင်းအုပ်စိုးက အေးချမ်းပါတယ်ဟု ဆိုလာသူ
မင်းအုပ်စိုး ဖန်တီး ရိုက်ကူးကာ သရုပ်ဆောင် ထားတဲ့ ရင်ကွဲနာ ရုပ်ရှင် ဇာတ်ကား ကြီးက ရုံတင် လာတာကြောင့် ----
ကိုမင်းအုပ်စိုး ရိုက်ဖြစ်တဲ့ ဇာတ်ကားတွေဆို ဇာတ်နာတဲ့ ဒရာမာ ဇာတ်တွေ များတယ်နော်။
ဟုတ်တယ် ညီမ။ ဒရာမာတွေပဲ ရိုက်ဖြစ်တယ် ဆိုတာ ကလည်း အဓိကက တော့ ဟာသတွေ မရိုက်ချင် တော့လို့ပါပဲ။ ပြူးပြူးပြဲပြဲနဲ့ ပေါတောတော အိုက်တင်တွေ မလုပ်ချင် တော့တဲ့ အတွက် ဒရာမာ ဇာတ်တွေရိုက်ရခြင်းပါ။
လက်ရှိမှာက ပြူးပြူးပြဲပြဲ ပေါတောတော သရုပ်ဆောင်တဲ့ ဟာသတွေက ပေါက်နေတာလေ။ သူများနဲ့ ယှဉ်ရင် ကိုမင်းအုပ်စိုး သူရဲကောင်း ဆန်မနေဘူးလား။
သူရဲကောင်းလို့လည်း ကိုယ့်ကို ကိုယ်မသတ်မှတ် ပါဘူး။ ကိုယ့်ခံယူချက် နဲ့ကိုယ်လုပ်နေတာပါပဲ။
လက်ရှိမှာကို မင်းအုပ်စိုးကို အငိုမျက်လုံးအပြုံး မျက်နှာ ဇာတ်ကားနဲ့ ပရိသတ် ပိုသတိထားမိတဲ့ အချိန် မှာပဲ ရင်ကွဲနာရုပ်ရှင်ကားကြီးက ရုံ တင်လာတယ်။ အဲဒါ ထူးခြားတဲ့ တိုက်ဆိုင် ဆိုင်မှုလို့ ပြောရင်ရမလား။
ဘယ်လို အကြောင်းအချက်နဲ့မှ မသက်ဆိုင်ပါဘူး။ အစ်ကိုဒီကားကို ဒီ အချိန်မှာ ရုံတင်ချင်တယ်ဆိုပြီး၊ တွက် ချက်ပြီး ကြိုးစားလို့မရပါဘူး။ အစ်ကိုတို့ က အလှည့်ကျ သွားရတာကိုး။ အစ်ကိုတို့ က ရွေးချယ်ပိုင်ခွင့်လည်း မရှိဘူး။ တောင်း ဆိုပိုင်ခွင့်လည်း မရှိပါဘူး။ နောက်-- ဘယ်လမှာကျွန်တော့်ကား ပြချင်ပါတယ် လို့လည်း ပြောလို့ မရပါဘူး။ အလှည့်ကျ လို့ ပြရတာပါပဲ။
ကိုယ်မင်းအုပ်စိုး ရိုက်တဲ့ ဇာတ်ကား တွေမှာဆို မောင်နှမ ဇာတ်တွေ များတယ်နော်။ ကိုယ်က အနစ်နာခံတဲ့ အကိုကြီး နေရာက သရုပ်ဆောင် ဖြစ်တယ်နော်။ အချစ် ဇာတ်လမ်းတွေ သိပ်မရိုက်ချင် တော့လို့လား။
မောင်နှမ ဇာတ်တွေ အရိုက်များ တယ်လို့ပြောရမှာပဲ။ အစ်ကို့မှာ ညီမလေး တစ်ယောက် ရှိခဲ့ ဖူးတာပေါ့နော်။ သူ့ကို သတိရတဲ့ စိတ်နဲ့ မောင်နှမ ဇာတ်တွေ ရိုက်ဖြစ်တာ များပါတယ်။
ခုလက်ရှိမှာ ကိုမင်းအုပ်စိုးနဲ့ ပတ်သက်ပြီး သတင်းတွေ မျိုးစုံပျံ့နေတဲ့ အပေါ်---
ဘယ်လိုမှ မနေပါဘူး။ ဒီအတိုင်းပဲ၊ ဒီလိုပဲ။ ဘဝကိုပုံမှန်ပဲ ဖြတ်သန်းပါတယ်။ ငါ့ကိုပြောနေလို့ ဆိုပြီးတော့လည်း ဘာမှ ထူးပြီး မဖြတ်သန်းပါဘူး။ ကိုယ်လုပ်စရာ ရှိတာကို လုပ်တာပါပဲ။
ခုချိန်မှာ ကိုမင်းအုပ်စိုး အပေါ် အကောင်းပြောသူတွေ၊ ဝေဖန်ရှုံ့ချ သူ တွေရှိနေမှာပဲလေ။ ဝေဖန်ရှုံ့ချ သူတွေအပေါ်မှာ ကိုမင်းအုပ်စိုး လျစ် လှူရှု နိုင်ပါ့မလား။
ကိုယ့်ကိုအဆိုးပဲမြင်မြင်၊ အကောင်း ပဲမြင်မြင်၊ အဓိကကတော့ ကိုယ့်စိတ် ထားတတ်ဖို့ပဲ လိုတာပေါ့။ ကိုယ့်အပေါ် ဝေဖန်ရှုံ့ချမှုတွေကို ကိုယ်ကလက်ခံလိုက် ရင် ကိုယ်ပူလောင် မှာပေါ့။ ကိုယ်က လက်မခံရင် ကိုယ်အေးချမ်းမှာပေါ့လေ။ ကိုယ်က ပူလောင်မှုတွေကို လက်မခံပါ ဘူး။ ပူလွန်းလို့ပါ။ ပြောကြပါစေ။
အစ်ကိုနဲ့ပတ်သက်ပြီး ဘယ်လိုပဲပြော ပြော ပြောပါ။ အစ်ကိုကတော့ အပူကို လက်မခံလို့၊ ကိုယ့်ကိုကိုယ် ပူလောင် အောင် ဘယ်တော့မှလက်မခံပါဘူး။ လက်မခံတော့ ဘယ်သူဘာပြောပြော၊ မင်းအုပ်စိုးက အေးချမ်းပါတယ်။ လူဆို တာကိုယ့်ခံယူတတ်မှုနဲ့ပဲ ဆိုင်ပါတယ်။  
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif