http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Apr 2012

အောင်မြင်မှုတွေ နည်းနည်း တန့်သွားပြီလို့ ကိုယ့်ကိုကိုယ် သုံးသပ်လာသူ ဂျောက်ဂျက်


အောင်မြင်မှုတွေ နည်းနည်း တန့်သွားပြီလို့ ကိုယ့်ကိုကိုယ် သုံးသပ်လာသူ ဂျောက်ဂျက်
အောင်မြင်မှု နဲ့အတူ ကျရှုံးမှုကိုပါ အမြဲ ယှဉ်တွဲကာ သုံးသပ် ဖြေဆို တတ်တဲ့ ဂျောက်ဂျက်ရဲ့ သဘောထား လေးတွေ ကလည်း ခုချိန်ထိ မပြောင်းလဲ သေးပါဘူး။ "ကျွန်တော်က အောင်မြင်မှုနဲ့ အတူ ကျရှုံးမှုကို ယှဉ်တွဲမြင်တယ်လို့ ပြောတဲ့အပေါ် တချို့က ရွဲ့တယ်လို့ ပြောကြတယ်။ အမှန်တော့ဖြစ်တတ်တဲ့ လောက နိယာမကို ပြောတာပါ။ ဒါအမှန် တရားပါပဲ။ နေရာ တိုင်းမှာ အကောင်းနဲ့ အဆိုးယှဉ်တွဲနေတာပဲလေ။
အောင်မြင်မှု မှာလည်း အောင်မြင်ပြီးရင် ကျရှုံးမှုဆိုတာ ရှိမှာပဲလေ။ ကျွန်တော် ကတော့ ကျရှုံးမှုဆိုတာကို လက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ အောင်မြင်မှုရ တုန်းက ပျော်ပျော်ကြီး လက်ခံခဲ့ပြီးမှ ကျရှုံးမှုဆိုတာကို ဘာကြောင့် လက်မခံရဲ ရမှာလဲ။
ကျရှုံးမှုနဲ့ ဝုန်းဆိုထိပ် တိုက်တွေ့လည်း ကျွန်တော် မတုန်လှုပ်ပါဘူး။ ကျွန်တော့် ကိုလူစသိတယ်။ အားပေးကြတယ် ဆိုတဲ့ အချိန်ကတည်းက ကျွန်တော် အမြဲ ပြောပါတယ်။ အဲဒီစကား ကျွန်တော် အင်တာဗျူး တွေမှာလည်း အမြဲ ဖြေပါတယ်။
တချို့ ပရိသတ်တောင် မှတ်မိနေလောက် ပြီထင်ပါတယ်။ အဲဒါ က ကျွန်တော် အောင်မြင်လှသုံး,လေးနှစ် ပေါ့ဗျာ ဆိုတဲ့ စကားပါပဲ။ ခုချိန်မှာအရင်ကဝုန်းဆို အောင်မြင် ခဲ့တဲ့ ဂျောက်ဂျက်ရဲ့ အောင်မြင်မှုတွေ နည်းနည်း တန့်သွား ပြီလို့ပြောရမှာပဲ။
ဒါပေမယ့် ကျွန်တော်မှာ ထိတ်လန့် မှုတွေ၊Tension တွေ ဘာမှမရှိပါဘူး။ အေးဆေး ပါပဲ" လို့ ပွင့်လင်းစွာ ပြောပြလာတဲ့ ဂျောက်ဂျက် ကိုဇာတ်ပွဲတွေမှာ လည်းပရိသတ် အတွက်သီချင်း တွေ သီဆိုပေးဖြစ်နေတဲ့အပေါ် မေးကြည့်တော့ "ကျွန်တော့်နဲ့ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ တွေက လာကမ်း လှမ်းတော့ ဆိုတာပေါ့ဗျာ။ စတေ့ခ်ျရှိုး ကြည့်တဲ့ ပရိသတ်အသိုင်း အဝိုင်းရှိသလို ဇာတ်သဘင်ကြည့်တဲ့ ပရိသတ်အသိုင်း အဝိုင်းလည်း ရှိတာပဲလေ။ ကျွန်တော်က အသိုင်းအဝိုင်း တိုင်း၊ လူတန်းစားမရွေးတိုင်း ကို ဖျော်ဖြေချင်တာပါ။ နယ်မှာဆိုဖို့ ခေါ်ရင်လည်း၊ အားရင်လိုက်သွား တာပါပဲ။ နယ်မှာက ကျွန်တော်တို့ ရက်ပ်ပါတွေနဲ့ နယ်ပရိသတ်နဲ့ စိမ်းတာလေ။
ရန်ကုန်မှာ ဂျောက်ဂျက်ဆိုပြီး သိကြ ပေမယ့်၊ နယ်မှာ မသိကြ သေးသူတွေ အတော်များပါ တယ်။ အားရင်အား သလိုဇာတ် ပွဲတွေနဲ့လိုက်ပြီး နယ်မှာ သီချင်းသွားဆို တာကလည်း နယ်ပရိသတ်တွေနဲ့ ရင်းနှီးမှု ရအောင်လို့ပါ။ ဘယ်မှာပဲ သီချင်းဆိုရ၊ သီဆိုရပါ။ ကျွန်တော်က သီချင်း သီဆိုရရင် ပျော်နေတာပါပဲ"လို့ ပွင့်ပွင့်လင်းလင်း ထပ်မံ အဖြေပေးခဲ့ပြန်ပါတယ်။  
www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif