http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Apr 2012

မန်ချီနီ - ဘာပဲဖြစ်ဖြစ် ဒီရာသီမှာ အောင်မြင်ပါတယ်


မန်ချီနီ - ဘာပဲဖြစ်ဖြစ် ဒီရာသီမှာ အောင်မြင်ပါတယ်
မန်ယူ အသင်းနှင့် ကစားရမည့် ဒါဘီပွဲစဉ်တွင် မည်သို့သော ရလဒ် ထွက်ပေါ်လာပါစေ ယခုနှစ် ရာသီတွင် အောင်မြင်မှုများ ရရှိခဲ့ပြီဟု မန်စီးတီး နည်းပြ မန်ချီနီမှပြောဆိုခဲ့သည်။ မန်စီးတီး အသင်း ပိုင်ရှင်ရှိတ်မန်ဆော်မှ ရာသီ ပိတ် ပွဲစဉ် (၃) ပွဲတွင် ရလဒ်ဆိုးများ ရရှိခဲ့လျှင်လည်း အသင်းအနေဖြင့် ယခုနှစ် ရာသီမှာအောင်မြင်သော ရာသီဖြစ်သည် ဟုပြောဆိုခဲ့ခြင်း အပေါ် မန်ချီ နီမှထောက်ခံပြောဆို ခဲ့ခြင်းလည်းဖြစ်သည်။ ယခုလို ထုတ်ဖော်ပြောဆိုခဲ့သည့် ရှိတ်မန်ဆော်၏ သဘောထားနှင့် ပတ်သက်ပြီး မန်ချီနီမှ ပျော်ရွှင်ကျေ နပ် နေကြောင်း သိရသည်။
မန်ချီနီမှ "ကျွန်တော်တို့ ရောက်နေတဲ့ နေရာ အတွက် ကျွန်တော်တို့ ပျော်ရွှင်ကျေ နပ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ရခဲ့တဲ့ ရမှတ်ထက် ခု (၁၀) မှတ်ပိုရနေ ပါပြီးခုရာသီကို ကောင်းကောင်းမွန်မွန် ပိတ် သိမ်းနိုင် မှာဖြစ်တဲ့ အတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်" ဟု သူ၏ သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့သည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif