မန်ယူအသင်း၏ဘူဂေးလ်ရီးယားတိုက်စစ်မှူးဘာဘာတော့ဗ်သည် ပြီးခဲ့သည့်ရာသီတွင် ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုရရှိခဲ့သော်လည်း၊ ယခုနှစ်ဘောလုံးရာသီတွင် အသင်း၏ပထမပွဲထွက်စာရင်းအတွက် ရုန်းကန်နေရသည်။ အဆိုပါအခြေအနေများကြောင့် မန်ယူနည်းပြကြီး ဖာဂူဆန်က ဘာဘာတော့ဗ်အနေဖြင့် လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာသွားဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ “ဘာဘာတော့ဗ်ဟာ ပထမပွဲထွက်စာရင်းမှာ ပါဝင်ချင်ပါတယ်၊ လက်ရှိ သူ့အသက် က (၃၁) နှစ်ပါ၊ အဲတော့ သူ့ကို ပွဲထွက်စာရင်းအတွက် အာမခံချက်ပေးဖို့ဆိုတာ ကျွန်တော့်အတွက် တော်တော် ခက်ပါတယ်၊ ” “ကျွန်တော်တို့သူရဲ့စာချုပ်နဲ့ပတ်သက်ပြီးလည်း ဆွေးနွေးသွားမှာပါ၊ ဒါပေမယ့် သူနဲ့စကားပြောကြည့်ရသလောက်တော့ သူက ပထမပွဲထွက်ကစားသမားအဖြစ်ပဲကစားချင်နေပါတယ်၊ သူ တခြားအသင်းတစ်သင်းကိုပြောင်းသွားတာက သူ့အတွက် ပိုအဆင်ပြေနိုင်လိမ့်မယ်လို့ ထင်ပါတယ် ” ဟု ဖာဂီက ပြောကြားခဲ့သည်။ ဖာဂူဆန်က လက်ရှိမန်ယူအသင်းတွင် ဒန်နီ ၀ဲဘတ်ခ်၊ ဟာနန်ဒက်ဇ်တို့လို ခြေစွမ်းပြနေသည့် လူငယ်ကစားသမားများ ရှိနေခြင်းကြောင့် သူ့အနေဖြင့် ဘာဘာတော့ဗ်အား ပွဲထွက်ကစားသမားအဖြစ် အသုံးပြုရန်မှာ မဖြစ်နိုင်ကြောင်းလည်း ဆက်လက်ပြောကြားသွားခဲ့သည်။ “ လက်ရှိ အသင်းရဲ့ရှေ့တန်းမှာ ရူနီ၊ ၀ဲဘတ်ခ်၊ ဟာနန်ဒက်ဇ်တို့ခြေစွမ်းပြနေကြပါတယ်၊ အဲတော့ ဘာဘာတော့ဗ်ကို ပထမကစားသမားနေရာပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ” ဟု ဖာဂီက ဘာဘာတော့ဗ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ http://mutdfan.com/index.php | ||||
0 comments:
Post a Comment