မကြာသေးခင်က အာဆင်နယ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုခဲ့သည့် ရိုဆစ်စကီးသည် သူ့အား အရှေ့ ဥရောပနှင့် အာရှမှ များပြားသည့်ငွေကြေးများဖြင့် ကမ်းလှမ်းမှုများ ရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
“ အာဆင်နယ်အသင်း ကျွန်တော့်ရဲ့စာချုပ်နဲ့ပတ်သက်ပြီး၊ စတင်ဆွေးနွေးခဲ့တာက ဇန်န၀ါရီ နောက်ပိုင်းမှပါ၊ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့စာချုပ်သက်တမ်းက ခြောက်လပဲကျန်ပါတော့တယ်၊ ပြောရရင် အဲဒီအချိန်မှာ ကျွန်တော် ဆွေးနွေးချင်တဲ့ ဘယ်အသင်းနဲ့မဆို ဆွေးနွေးလို့ရပါတယ်။ ”
“ အဲအချိန်မှာ ကျွန်တော်က ရုရှားနဲ့ တရုတ်က အလွန်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေလည်း ရထားပါတယ်၊ သူတို့ရဲ့ကမ်းလှမ်းမှုတွေဟာ ကျွန်တော့်အတွက် ငြင်းပယ်ဖို့ အရမ်းခက်ခဲပါတယ်၊ ရက်အတော်ကြာ အဲဒီကမ်းလှမ်းတွေကို ကျွန်တော် အချိန်ယူစဉ်းစားခဲ့ရပါတယ်၊ ဒါပေမယ့် ပိုက်ဆံဟာ အရာတိုင်းမှာ အရေးမပါပါဘူး၊ အာဆင်နယ်နဲ့ကျွန်တော် ဆက်လက်တွဲနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ် ” ဟု ရိုဆစ်စကီးက ပြောကြားခဲ့သည်။
သူ့နိုင်ငံအသင်းအတွက် (၈၅) ပွဲ ပါဝင်ကစားထားသည့် ရိုဆစ်စကီးသည် (၂၀၀၆)ခုနှစ်တွင်၊ ဘိုရူးရှားဒေါ့မွန်မှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သည်။ http://mutdfan.com/index.php/

0 comments:
Post a Comment