http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Mar 2012

ဘာကာကို မစိုးရိမ်ပါဘူး - မာဆယ်လို

ရီးရဲလ်နောက်ခံလူ မာဆယ်လိုက သူ့အသင်းသည် လာမည့် ချန်ပီယံလိဂ်ကွာတားအဆင့်တွင် ဘာစီလိုနာအသင်းနှင့် တွေ့ဆုံရပါကလည်း စိုးရိမ်ပူပန်မှုမရှိကြောင်းနှင့်၊ မည်သည့်အသင်းကိုမဆို အနိုင်ယူသွားမည်ဖြစ်ကြောင်း စီအက်စ်ကေအေအသင်းအား အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် ပြောကြားသွားခဲ့သည်။

မနှစ်ကချန်ပီယံလိဂ်ပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်တွင် ရီးရဲလ်အသင်းသည် ဘာစီလိုနာအသင်းအား နှစ်ကျော့ပေါင်းရလဒ် (၃-၁)ဂိုးဖြင့်အရှုံးပေးခဲ့ရကာ၊ ဖိုင်နယ်တက်ခွင့် လွဲချော်ခဲ့ရသော်လည်း၊ မာဆယ်လိုက ယခုနှစ်တွင် မနှစ်ကလို အဖြစ်မျိုး ထပ်မံဖြစ်ပျက်လာမည်ကို စိုးရိမ်ပူပန်စရာမလိုကြောင်း ပြောကြားခဲ့သည်။

“ လာမယ့်အဆင့်မှာ ဘယ်အသင်းနဲ့ တွေ့ချင်တယ်ဆိုတာမျိုး မရှိပါဘူး၊ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ အနိုင်ကစားရမှာပါ၊ ဘာကာနဲ့တွေ့မှရယ် မဟုတ်ပါဘူး၊ ဘယ်အသင်းကိုမဆို အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ ” ဟု မာဆယ်လိုက ပြောကြားခဲ့သည်။

ဆက်လက်ပြီး၊ မာဆယ်လိုက အသင်း၏ပရိသတ်များသည် သူ့အား ပထမပွဲထွက်ကစားသမားအဖြစ် ကစားစေချင်ကြကြောင်း၊ သို့ပါသော်လည်း သူ့အနေဖြင့် နည်းပြ၏ ဆုံးဖြတ်ချက်အား လေးစားလိုက်နာရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

“ ပရိသတ်တွေက ကျွန်တော့်ကို အချို့ပွဲတွေမှာ ပွဲထွက်ကစားစေချင်ကြပါတယ်၊ ဒါပေမယ့် အဓိက က အသင်းအနိုင်ရရှိဖို့ပါပဲ၊ မော်ရင်ညိုဟာ အောင်နိုင်သူတစ်ယောက်ပါ၊ သူက ကျွန်တော်တို့ကို ပြိုင်ပွဲအပေါ် အာရုံစိုက်ထားဖို့ မှာထားပါတယ် ” ဘရာဇီး ဘယ်နောက်ခံလူက ပြောကြားသွားခဲ့သည်။    http://mutdfan.com/index.php/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif