http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Mar 2012

အနည်းဆုံး ဆုဖလား တစ်လုံးမှ မရရင် စီးတီးအတွက် ကျရှုံးသည့် နှစ်တစ်နှစ်သာ ဖြစ်ကြောင်း အသင်းဖော်များကို သတိပေးလိုက်သည့် မန်စီးတီးကွင်းလယ်ကစားသမား နီဂယ် ဒီဂျောင်

မန်ချက်စတာ စီးတီး ကွင်းလယ်ကစားသမား နီဂယ် ဒီဂျောင်သည် အသင်းအနေနှင့် လက်ကျန် ဆုဖလား ၂ ခုတွင် တစ်ခုခု မဆွတ်ခူးနိုင်ခဲ့ပါက ကျရှုံးသည့် နှစ်တစ်နှစ် ဖြစ်လိမ့်မည်ဟု အသင်းဖော်များကို သတိပေးပြောကြားလိုက်သည်။ မန်စီးတီးအသင်းဟာ လက်ရှိအခြေအနေမှာ အသင်းရဲ့ သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ အမြင့်ဆုံး ရပ်တည်မှုအဖြစ် အဆင့် ၂ နေရာမှာတော့ အနိမ့်ဆုံး ရပ်တည်နိုင်မည့် အနေအထားဖြစ်သည်။ လက်ကျန်ပွဲကစားဖို့ ၁၀ ပွဲအထိ ကျန်ရှိနေသေးသော်လည်း ၂၀၁၀-၁၁ ခုနှစ် ဘောလုံးရာသီက စုစုပေါင်း ရရှိခဲ့သည့် ရမှတ်ထက် ၅ မှတ်သာ လျော့နည်းတော့သည့် အနေအထား ဖြစ်သည်။ သို့သော်လည်း လက်ကျန် ပြိုင်ပွဲ နှစ်ခုမှာ ဆုဖလား တစ်ခုခုသာ မဆွတ်ခူးနိုင်ပါက ကျရှုံးသည့် နှစ်တစ်နှစ်ဟုသာ သတ်မှတ်ရလိမ့်မည်ဟု ဒီဂျောင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒီဂျောင်က “ကျနော်တို့ လက်ရှိအချိန်မှာ အဓိက ပြိုင်ပွဲကြီး ၂ ခု ယှဉ်ပြိုင်နေပါတယ်။ ဒီပြိုင်ပွဲ ၂ ခုထဲက တစ်ခုမှ ဗိုလ်စွဲနိုင်မှပဲ အောင်မြင်တဲ့ နှစ်တစ်နှစ်လို့ ပြောလို့ ရမှာပါ။ အသင်းက ဆုဖလားတွေ ရယူဖို့ ဆာလောင်နေတဲ့ အချိန်မှာ ရာသီသိမ်းလို့ ဆုဖလား တစ်ခုမှ မရခဲ့ဘူးဆိုရင် အရမ်းကို စိတ်ဆင်းရဲရပါလိမ့်မယ်။ မနှစ်က အက်ဖ်အေဖလားကို ဆွတ်ခူးပြီးကတည်းက ဒီအသင်းဟာ အောင်မြင်မှုတွေကို ဆာလောင်နေခဲ့တာပါ။ ဒါ အသင်းရဲ့ အမြဲတမ်းထားရှိရမယ့် ရည်မှန်းချက်ပါပဲ။”


“အဓိက ရည်မှန်းချက်ကတော့ ပရီးမီးယားလိဂ်ပေါ့။ ကျနော်တို့ အခွင့်အရေးလည်း ရှိပါသေးတယ်။ အဲဒီလိုပဲ ယူရိုပါလိဂ်မှာလည်း အခွင့်အရေး ရှိနေပါသေးတယ်။ ကျနော်တို့ တတ်နိုင်သလောက် ပြိုင်ပွဲစုံမှာ ရွက်ကုန်ဖွင့်ပြီး အောင်နိုင်ဖို့ ကြိုးပမ်းမယ်လို့ ရာသီအစတုန်းက ပြောခဲ့သလိုပဲ အခုလည်း ကျန်ရှိနေတဲ့ ပြိုင်ပွဲ နှစ်ရပ်မှာ ဇွဲမလျှော့ပါဘူး။ အဲဒီလို ပြိုင်ပွဲစုံမှာ ယှဉ်ပြိုင်ဖို့ အသင်းမှာ အင်အား တောင့်တင်းဖို့ လိုတယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် အဲဒီလို လုံလောက်တဲ့ အင်အား ကျနော်တို့မှာ ကောင်းကောင်း ရှိနေပါတယ်။” ဟု ပြောကြားခဲ့သည်။         
http://mutdfan.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif