http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Mar 2012

အင်္ဂလန် ဘောလုံးလောက၏ အရည်အသွေးသည် နိမ့်ကျသွားခြင်း မရှိသေးကြောင်းကို ချဲလ်ဆီးအသင်း သက်သေ ပြလိုက်ပြီ ဖြစ်ကြောင်း ဖွင့်ဟလိုက်သည့် တယ်ရီ

ချဲလ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီက အင်္ဂလိပ် ဘောလုံးလောက၏ အရည်အသွေးမှာ နိမ့်ကျသွားခြင်း မရှိသေးကြောင်းကို ချဲလ်ဆီးအသင်းက သက်သေပြပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့သည်။

ချဲလ်ဆီးအသင်းသည် ချန်ပီယံလိဂ် ပထမအကျော့ အီတလီမြေတွင် နာပိုလီအသင်းအား (၃-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း၊ စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် (၄-၁)ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့် ကွာတား အဆင့်သို့ တက်ရောက် သွားနိုင်ခဲ့သည်။ ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ယခင်နှစ်များက အင်္ဂလိပ်အသင်းများ အားလုံးနီးပါး ကွာတွားအဆင့်ကို တက်ရောက်နိုင်ခဲ့သော်လည်း၊ ယခုနှစ်တွင်မူ (၁၆)သင်းအဆင့်သို့ အာဆင်နယ်နှင့် ချဲလ်ဆီး နှစ်သင်းသာ တက်ရောက် လာနိုင်ခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ် ဘောလုံးလောကအား မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။

ဂျွန်တယ်ရီက မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနှင့် အာဆင်နယ် အသင်းတို့ ချန်ပီယံလိဂ်ကို စောစီးစွာ လက်ပြခဲ့ရသော်လည်း၊ အင်္ဂလိပ် ဘောလုံး လောကသည် တောင့်တင်းဆဲ ဖြစ်ကြောင်းကို -
"အင်္ဂလိပ် ဘောလုံးလောကဟာ ခုထိ တောင့်တင်းနေဆဲပါပဲ" ဟု ခပ်ပြတ်ပြတ် ဖွင့်ဟသွားခဲ့သည်။     http://mutdfan.com/index.php/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif