http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 May 2012

မြစ် ဆုံ စီ မံ ကိန်း ပြန် စ ရန် CPI ကြိုး ပမ်း ဟု ဆို



မြစ်ဆုံ စီမံကိန်း ပြန်စရန် CPI ကြိုးပမ်းဟုဆိုပြည်နယ်ရှိ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းကို ပြန်လည် စတင်နိုင်ရန် အတွက် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း China Power Investment (CPI) က တွန်းအား ပေးကြိုးပမ်း နေကြောင်း ကချင် လူမှုဖွံ့ဖြိုးရေးကွန်ရက် (KDNG) က မေ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ယင်းထုတ်ပြန် ချက်တွင် (CPI) မှ လုပ်ဆောင် နေသော မြစ်ဆုံ ရေ ကာတာစီမံကိန်းသည် လုံးဝလုံခြုံ စိတ်ချမှုရှိသည့်အပြင် အကျိုးရလဒ် များစွာရှိကြောင်းကို သက်သေ ပြရန် အတွက် နိုင်ငံတကာ အကြီးစား ရေကာတာစီမံကိန်းကော်မရှင်အဖွဲ့ (ICOLD) မှ လွတ်လပ်သော စစ်ဆေးမှုကို ယခုလက်ရှိတွင် လုပ် ဆောင်လျက် ရှိကြောင်း၊ ယင်းကိစ္စ ကို တရုတ်သတင်းဌာနက ပြီးခဲ့ သည့်အပတ်တွင် သတင်းထုတ် ပြန်ခဲ့ကြောင်း၊ ၄င်းလေ့လာမှု၏ အဓိက ရည်ရွယ်ချက်မှာ ဃဏှု မှ ဆိုင်းငံ့ထားသည့် စီမံကိန်းကို ပြန် လည်စတင်နိုင်ရေးအတွက် တွန်အားပေးခြင်း ဖြစ်နိုင်ကြောင်း KDNG က ဆိုသည်။
အဖွဲ့ဝင်နိုင်ငံပေါင်း ၉၀ ပါဝင် သော နိုင်ငံတကာ အကြီးစား ရေ ကာတာစီမံကိန်း ကော်မရှင်အဖွဲ့ (ICOLD) သည် ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းလုပ်ငန်း များ၏ အဓိကစည်းရုံးလှုံ့ဆော်ရေးလုပ်နေသောအဖွဲ့ ဖြစ်သည့်အပြင် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) နှင့် အလွန်ရင်းနှီးကျွမ်းဝင်မှုရှိသော အဖွဲ့ဖြစ်ပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့ တွင်အခြေစိုက်ကာ လက်ရှိ ဥက္ကဋ္ဌ မှာ တရုတ်နိုင်ငံမှဖြစ်သည်။
ကချင် လူမှုဖွံ့ဖြိုးရေးကွန်ရက် အဖွဲ့မှ ဆိုင်းမိုင်က “ဘယ်လိုလုပ် ပြီး ကမ္ဘာလုံးဆိုင်ရာ ရေကာတာ လုပ်ငန်းအဖွဲ့က လွတ်လပ်စွာ လေ့လာမှုတွေ ပြုလုပ်ဆောင်နိုင် မလဲ၊ ဒီဟာလည်း တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) က မြန်မာ ပြည်သူတွေရဲ့ဆန္ဒကို ပယ်ဖျက်ဖို့ လုပ်ဆောင်တဲ့ ဗျူဟာတစ်ခုပဲ” ဟု ဆိုသည်။
၂၀ဝ၉ ခုနှစ်တွင် လုပ်ဆောင် ခဲ့သော သဘာဝပတ်ဝန်းကျင်ဆိုင် ရာ အကျိုးသက်ရောက်မှုများ အပေါ် လေ့လာချက် (EIA) အရ မြစ်ဆုံစီမံကိန်းမှာ လုံးဝမဆောက သင့်ကြောင်း ပတ်ဝန်းကျင် ထိန်း သိမ်းသူများက အကြံပြုခဲ့ပြီး ရေ ကာတာကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးများအပေါ် မြန်မာပြည်သူလူထု၏ စိုးရိမ်ပူပန် မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာ သောကြောင့် မြန်မာနိုင်ငံ သမ္မတ က]ပြည်သူလူထု ဆန္ဒ”ကြောင့်ဟု ဆိုကာ ၂၀၁၁ ခုနှစ် စက်တင်ဘာ လ ၃၀ ရက်တွင် မြစ်ဆုံရေကာ တာကိုဆိုင်းငံ့လိုက်ကြောင်း ကြေ ညာခဲ့သည်။
မြစ်ဆုံ စီမံကိန်းကို သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်းခဲ့သော်လည်း စီမံကိန်း ဧရိယာအတွင်း စက် ယန္တရားများ၊ တရုတ်ဝန်ထမ်းများ ရှိနေသေးကြောင်း၊ ထို့အတူ မြစ် ကြီးနားမြို့ပေါ်ရှိ CPI ရုံးကိုလည်း ဖွင့်လှစ်ထားပြီး ဝန်ထမ်းများ အလုပ်လုပ်ကိုင်နေဆဲ ဖြစ်ကြောင်း KDCG က ပြောသည်။
၎င်းပြင် တရုတ်သတင်းဌာနများတွင် တရုတ်နိုင်ငံ လျှပ်စစ် ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပို ရေးရှင်း (CPI) မှ ကိုယ်စားလှယ် များသည် မြစ်ဆုံရေကာတာ ဆိုင်း ငံ့ထားမှုကို တရားဝင်ရုပ်သိမ်းပေး ရန် မြန်မာအစိုးရနှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့သည့်အကြောင်းဧပြီလတွင် လည်း ကုမ္ပဏီကိုယ်စားလှယ်များ မှ ပြောင်းရွှေ့ခံ ရွာသားများဆီသို့ သွားရောက်လည်ပတ်ခဲ့ပြီး မြစ်ဆုံ ရေကာတာမှ ကောင်းကျိုးများ ခံစားကြရမည်ဟု အခိုင်အမာ ပြော ဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။
မြန်မာအစိုးရက တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) နှင့် ၂၀ဝ၇ ခုနှစ်၊ မေလတွင် ကချင်ပြည်နယ် အတွင်းရှိ ဧရာဝတီ၊ မေခ၊ မလိခ မြစ်များပေါ်တွင် ဆည်ကြီး ၇ ခု တည်ဆောက်ရေးအတွက်သဘော တူညီ လက်မှတ်ရေးထိုးခဲ့ပြီး ၄င်း ဆည် ၇ ခုအနက် အကြီးဆုံးမှာ ဧရာဝတီမြစ်ဆုံဆည်ဖြစ်သည်။ 
www.yoyarlay.com/index.php/local-news/local-news/upper-local-news/26577-cpi

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif