http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 May 2012

ဆန္ဒပြ လုပ် သား များ ကို မ ရိုက်နှက် ခဲ့ ဟု ဆို

ဆန္ဒပြ လုပ်သားများကို မရိုက်နှက်ခဲ့ဟုဆိုရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ ရှားပါးစရိတ် ထောက်ပံကြေး သုံးသောင်း ပေး ရန် တောင်း ဆို ဆန္ဒပြသော ပုလဲ အထည်ချုပ် စက်ရုံမှ ဝန်ထမ်းများက အလုပ်သမားကို ရိုက်နှက်ခြင်း မှာ မဟုတ်မှန်ကြောင်း ပုလဲမြန်မာ အထည်ချုပ် စက်ရုံမှ မန်နေ ဂျာ ဒေါ်သဇင်က ပြောကြားသည်။
“အလုပ်သမားတွေကို ထီးနဲ့ ရိုက်တယ်။ စက်ရုံထဲကို အတင်း ဆွဲသွင်းတယ်။ ဆဲဆိုတယ် ဆိုတာ မဟုတ်ပါဘူး။ အလုပ်သမားတွေ ပြန်ရိုက်တာကိုပဲ ခံရတာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။ ဖြစ်စဉ်မှာ မေလ ၂၁ ရက်နေ့တွင် စက်ရုံ အတွင်းမှ အလုပ်သမားများ ကားဖြင့် စက်ရုံ အပြင်သို့ ထွက်စဉ် စက်ရုံအပြင်၌ ဆန္ဒပြ တောင်းဆိုနေသော အလုပ်သမားများက ကားပေါ်တွင် ပါလာသော အလုပ်သမားများကို ၎င်းတို့ကဲ့သို့ ဆန္ဒပြ မတောင်းဆိုသဖြင့် ကားပေါ်က အတင်းဆွဲချခြင်း၊ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်းများတို့ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဒေါ်သဇင်က ဆိုသည်။
အလုပ်သမားများကမူ အလုပ်သမားကို စက်ရုံထဲ ဆွဲသွင်းသဖြင့် အပြန်အလှန် ပဋိပက္ခ အပြန်အလှန် ဖြစ်ပွားခဲ့ပြီး စက်ရုံ ဘက်က ထီးများ ချိုင့်များဖြင့် ရိုက်နှက် ခဲ့ကြောင်း ပြောကြား သည်။ ရှားပါးစရိတ် ထောက်ပံ့ကြေး သုံးသောင်း တောင်းဆိုထား သော်လည်း နှစ်သောင်းကျပ်ဖြင့် အလုပ်သမား ပြဿနာ ပြေလည်သွားပြီ ဖြစ်ကြောင်း ယင်းစက်ရုံက အလုပ်သမားများနှင့် အလုပ်ရှင်များထံမှ စုံစမ်းသိရှိ ရသည်။ အဆိုပါစက်ရုံတွင် မေလ ၂၁ ရက်နေ့က အလုပ်သမား အချို့ ရိုက်နှက်ခံခဲ့ရကြောင်း၊ စက်ရုံ လုံခြုံရေး များက အလုပ်သမားများကို စက်ရုံအတွင်း ဝင်ရန်ခေါ်စဉ် အလုပ်သမားများနှင့် ပဋိပက္ခ ဖြစ်ရာမှ အလုပ်သမားများကို ရိုက်နှက်ခဲ့ကြောင်း အလုပ် သမားများက ပြောကြားသည်။
“အလုပ်ရှင်ဘက်က လူတွေက စက်ရုံထဲကို အတင်းဆွဲသွင်းတယ်။ ချိုင့်တွေ ထီးတွေနဲ့ ရိုက်တယ်။ ဆဲဆိုတာတွေ လုပ်တယ်” ဟု မေလ ၂၁ ရက်နေ့က ပုလဲစက်ရုံ အရှေ့တွင် ဖြစ်ပွား ပုံကို အလုပ်သမား တစ်ဦးက ရှင်းပြသည်။ “ကား ဒရိုင်ဘာက ကားမှန်ကွဲမှာ စိုးလို့ မှန်ဖွင့်လိုက်တာ ခေါင်း ဒဏ်ရာ ရသွားတယ်“ ဟု ၎င်းက ပြောကြားသည်၊၊ 
www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif