http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Mar 2012

မန္တလေးစက်မှုဇုန်တွင် စစ်ကျန်ဗုံးများကို သံရည်ကျိုရန် ထုနှက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံး

မန္တလေးစက်မှုဇုန်၊ သခင်ဖိုးလှကြီးလမ်း ၆၈လမ်းနှင့် ၆၉လမ်းကြားရှိ နိုင်စိုးပိုင် သံရည်ကျိုစက်ရုံတွင်  မတ်လ၁၉ရက်နေ့ နံနက် ၁၁ နာရီ ၃၀မိနစ် အချိန်ခန့်က စစ်ကျန်ဗုံးများ ကို သံရည်ကျိုရန် ထုနှက်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အလုပ်ရုံအဆောက်အအုံ အရှေ့ဘက်ဘေးရှိ သံထည်ဟောင်းများ ထားရှိရာနေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ ယမ်းအနည်းငယ်မျှသာ ပါရှိသော စစ်ကျန်ဗုံးသီးဟောင်း တစ်စုံတစ်ခု ကို ထုရိုက်မိရာမှ ပေါက်ကွဲခြင်း ဖြစ်ကြောင်း သိရသည်။
4511a
စစ်ကျန်ဗုံးသီးဟောင်းများ
အဆိုပါစက်ရုံတွင် စစ်ဘက်ကျွမ်းကျင်သူများက ဖြန့်ခွဲရှာဖွေကြရာ သံတိုသံစများနှင့် ရောလျက် အမြှောက်ကျည်ဆန်ဟောင်း ယမ်းပါ နှစ်ခုနှင့် ယမ်းမပါ ခြောက်ခု၊ စစ်ကျန် ဗုံးသီးဟောင်း (ဒလက်မပါ)၁၀ ခု နှင့် (ဒလက်ပါ)လေးခု၊ ဗုံးသီးဟောင်း ခုနစ်လုံး၊ စစ်လေယာဉ်ပေါ်မှ ပစ်ချနိုင်သည့် ဗုံးသီးဟောင်းထိပ်ဖူးတစ်ခု စုစုပေါင်း ပစ္စည်း ၂၂မျိုးကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဖိစက်လုပ်သား ကိုမိုး(၁၉) နှစ်သည် ဘယ်ခြေပြတ်၊ လက်နှစ်ဖက်ပြတ်၊ ဗိုက်ပွင့်၍လည်းကောင်း၊ စိုးမင်းသူ(၁၈)နှစ်သည် ခြေနှစ်ဖက် ပြတ်၊ ဗိုက်ပွင့်ဒဏ်ရာဖြင့် လည်းကောင်း နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ချစ်ကောင်း(၁၆)နှစ်သည် ခြေနှင့်ဦးခေါင်းတို့တွင် ဒဏ်ရာရရှိ ခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း ညနေ ၃နာရီအချိန်ခန့်တွင် သေဆုံးသွား ခဲ့သည်။ သေဆုံးသူသုံးဦးမှာ သံထည် အဟောင်းများ ရှင်းလင်းရင်း သံထည်များဖြတ်ရန် လိုအပ်သည်များ ကို ထုနှက်ခဲ့ကြောင်း သိရှိရသည်။
အခင်းဖြစ်ရာနေရာသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ခေတ္တစစ်ဗျူဟာမှူး၊ အမှတ် ၆ စစ်နယ်မြေ၊ တပ်ရင်း (၉၁၀)၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးစသည့် အဖွဲ့အစည်းများ လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။            http://www.news-eleven.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif