http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြပ်ပြေးနေပြည်တော် စည်းရုံးရေး ခရီးစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်အဖြစ် ပါတီထိပ်တန်းခေါင်းဆောင်များနဲ့အတူ ၂၀၁၂ မတ်လ ၅ ရက်နေ့က မန္တလေးတိုင်းနဲ့ ကြပ်ပြေးနေပြည်တော်က မြို့နယ် လေးမြို့နယ်သို့ ခရီး လှည့်လည်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့စာ ၂၀၁၂ မတ်လ ၅ ရက်နေ့ မနက်အစောပိုင်းကတည်းက ခေတ္တ ရောက်ရှိနေရာ မန္တလေးမြို့မှ ထွက်ခွာခဲ့ကာ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာမြို့ပြည်သူများကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီးနောက် ကြပ်ပြေးနေပြည်တော်သို့ ညနေပိုင်းတွင် ရောက်ရှိခဲ့ပါတယ်။
ကြပ်ပြေးနေပြည်တော်က လစ်လပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာ လေး နေရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးနိုင်ငံလင်း၊ အဆိုတော် ဇေယျာသော် အပါအ၀င် လူငယ်များက ၀င်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကြပ်ပြေးနေပြည်တော် ပတ်ဝန်းကျင်တွင် တောင်သူလယ်သမား ပြည်သူလူထု နေထိုင်ပြီး ကြပ်ပြေးနေပြည်တော်မှာတော့ အစိုးရ၀န်ထမ်း မိသားစုများ နေထိုင်လျက် ရှိပါတယ်။ တကယ်တော့ တောင်သူလယ်သမား ပြည်သူများရဲ့ လယ်ယာမြေများကို မြန်မာစစ်ဗိုလ်ချုပ်များက အာဏာနဲ့ သိမ်းပိုက်ထားပြီး ကြပ်ပြေးနေပြည်တော်အဖြစ် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြပ်ပြေးနေပြည်တော် မဲဆန္ဒနယ်များက ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူများဟာ လက်ရှိအစိုးရအတွင်းက ထိပ်တန်းခေါင်းဆောင်များ ဖြစ်တဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များအနေနဲ့ ကြပ်ပြေးနေပြည်တော် ကိုယ်စားပြုအမတ်များအဖြစ် လွှတ်တော်ထဲကို ရောက်ရှိလာမှာကိုတော့ လက်ရှိ အချို့သော အာဏာပိုင်များနဲ့ ကြံ့ဖွတ်ထိပ်ပိုင်းခေါင်းဆောင်အချို့ လိုလားဟန် မရှိပါဘူးး။ ဒ့ါကြောင့်လည်း ကြပ်ပြေးနေပြည်တော်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တခုရဲ့ ဆိုင်းဘုတ် နှစ်ကြိမ်တိုင် ဖျက်ဆီးခံခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည် လူထုတွေ့ဆုံပွဲ ပြုလုပ်ရန် နေရာတောင်းဆိုမှုများကို ကြပ်ပြေးနေပြည်တော်က မြို့နယ် နှစ်မြို့နယ်က ငြင်းပယ်ခံခဲ့ပါတယ်။
20120303 DASSK Kyatpyay လူထုဟောပြောပွဲ တက်ရောက်လာတဲ့ ကြပ်ပြေးနေပြည်တော် ပြည်သူလူထု
20120303 DASSK Kyatpyay ကြပ်ပြေးနေပြည်တော် ပြည်သူလူထုအား ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ နှုတ်ခွန်းဆက်စကား ပြောကြားစဉ်
20120303 DASSK Kyatpyay Burma Today Newsမှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif