http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Mar 2012

စတိဗ့် ကလန် ဘတ်ဂ်ျ - အီဗရာဟီမိုဗစ်ခ်ျက ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးပါ

ရိုးမာ ဂိုးသမား စတိဗ့် ကလန် ဘတ်ဂ်ျမှ စနေ နေ့ည တွင် ယှဉ်ပြိုင် ကစား ရ မည့်ပြိုင်ဘက်အေစီမီလန် အသင်း၏ တိုက်စစ်မှူး မိုဗစ်ခ်ျအား ချီး ကျူး ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
စတိဗ့်ကလန်ဘတ်ဂ်ျမှ မိုဗစ်ခ်ျအား ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးဖြစ်သည်ဟု ချီးကျူးပြောဆို မှုများပြုလုပ်ခဲ့ပြီး ဥရောပ အဆင့် ပြိုင်ပွဲ များတွင်ခြေစွမ်းပြသရန် ရုန်းကန်နေရသည် ဆိုသောဝေဖန်မှုများ ကိုလည်း ငြင်းဆိုခဲ့သည်။
“အီဗာရာဟီမိုဗစ်ခ်ျက အမြဲတမ်း ဂိုးအများအပြား ရယူနိုင်တဲ့ အရမ်းကို သန်မာတဲ့ ကစားသမားတစ်ဦးပါ။ သူဟာ အသင်းကြီးတွေနဲ့ အတူ အ မှတ်ပေး ဆုဖလားတွေ အများကြီး ရယူထားနိုင်ပါတယ်။ ကမ္ဘာ့ အကောင်း ဆုံး တိုက်စစ်မှူး တစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။
သူကိုပြောနေကြတဲ့ပြည်တွင် ပွဲတွေမှာသာခြေစွမ်းပြနိုင်ပြီး ဥရော ပ ရောက်ရင် ခြေစွမ်း ပျောက်ဆုံးနေတယ် ဆိုတဲ့ ဝေဖန်မှုကို ကျွန်တော် လက်မခံပါဘူး”ဟုစတိဗ့်ကလန်ဘတ်ဂ်ျမှ မိုဗစ်ခ်ျကို ချီးကျူပြောဆိုမှုများ ပြုလုပ် ခဲ့သည်။ ရိုးမားအသင်းမှာ ယနေ့ည (၁၂) နာရီတွင် အေစီမီလန် အသင်း၏ အိမ်ကွင်းတွင် သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။   http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif