http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Mar 2012

ဟတ်ဇာတ်ဒ် အတွက် ဘာကမ်းလှမ်းမှု မရရှိသေးပါဘူး

လိုင်လီ အသင်း၏ ကြယ်ပွင့် ကွင်းလယ် ကစားသမား ဟတ်ဇာတ်ဒ် အတွက် မည်သည့် ကမ်းလှမ်းမှုမှ လက်ခံရရှိထားခြင်း မရှိသေးကြောင်း အသင်း ဥက္ကဋ္ဌမှ ဖွင့်ဟပြောဆို ခဲ့သည်။ ဟတ်ဇာတ်မှာ လာမည့် ရာသီသစ်တွင် အင်္ဂလန်သို့ ပြောင်းရွှေ့ ကစားရန် စီစဉ်နေသူ ဖြစ်ပြီး ပရီးမီးယားလိဂ် က လပ် အသင်းများမှလည်း ခေါ်ယူရန် စိတ်ဝင်စားခြင်း ခံနေရ သူ ဖြစ် သည်။
သို့သော်လည်း ယခုအချိန်ထိ လိုင်လီ အသင်းအား ကမ်းလှမ်း မှု ပြုလုပ် ထားသည့် အသင်း မရှိသေးကြောင်း ဥက္ကဋ္ဌ ဖြစ်သူ၏ ဖွင့်ဟချက် အရ သိရသည်။ “ခုချိန်မှာတော့ ဘာကမ်းလှမ်းမှုမှ ကျွန်တော် မရသေး ပါဘူး”ဟု လိုင်လီ အသင်း ဥက္ကဋ္ဌမှ ဖွင့်ဟ ခဲ့သည်။
မန်ယူ နည်းပြ ဖာဂူဆန်၊ မန်စီးတီး နည်းပြ မန်ချီနီ နှင့် စပါးစ် နည်းပြ ရက်ဒ်နပ်တို့မှာ ပြင်သစ်သို့ သွားရောက်ပြီး ဟတ်ဇာတ်ဒ် ၏ ခြေစွမ်း ကို လေ့ လာခဲ့ သောကြောင့် ဟတ်ဇာတ်ဒ်မှာ အဆိုပါ အသင်းများ၏ ကမ်းလှမ်းမှုကို ခံရဖွယ် ရှိနေသည်။            http://www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif