http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

17 Mar 2012

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့တောင်းဆိုသူ အဖမ်းခံရ

ဘိုကလေးမြို့မှာ အကျဉ်းထောင်ဝတ်စုံ ၀တ်ဆင်ပြီး တစ်ကိုယ်တော် ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်နဲ့ သမီးဖြစ်သူ မနှင်းထက်ထက်အောင်ကို အာဏာပိုင်တွေက ရန်ကုန်မြို့မှာ မနေ့က ဖမ်းဆီးလိုက်ပါတယ်။
nld youth
လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် လွတ်မြောက်လာမည့် နိုင်ငံရေး အကျဉ်းသားများကို ရန်ကုန် အင်းစိန် အကျဉ်းထောင်ရှေ့တွင် ကြိုဆိုကြနေသူများ မြင်ကွင်းဖြစ်ပါသည်။
ဦးအောင်မြင့်ဟာ အကျဉ်းသားဝတ်စုံ ၀တ်ဆင်ပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြတာလို့ သိရပါတယ်။
မနေ့က နေ့လည်တစ်နာရီလောက်မှာ ဗဟန်းရဲစခန်းက ဦးအောင်မြင့်နဲ့ သမီးမနှင်းထက်ထက်အောင်ကို ဖမ်းဆီးခဲ့ပြီး၊ ပြည်လမ်းက စုပေါင်းရုံး အမှတ် ၄ စစ်ကြောရေးစခန်းကို ပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ စစ်ကြောရေးစခန်းမှာ တစ်ညလုံးစစ်ဆေးခဲ့တယ်လို့ သမီးဖြစ်သူ မနှင်းထက်ထက်အောင်က ပြောပါတယ်။
ဒီကနေ့ နေ့လည်ပိုင်းမှာတော့ သမီးဖြစ်သူကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးအောင်မြင့်ကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲလို့ သိရပါတယ်။ ဦးအောင်မြင့်ဟာ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ တစ်ကြိမ် ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးမှာ ပါဝင်မှုကြောင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။            http://www.rfa.org/burmese/news  

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif