http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

ပြည်သူ့ဘဝ လုံခြုံပြည့်စုံပါက အစိုးရရှိမှန်းပင် မသိကြ

ပြည်သူလူထု ဘဝ လုံခြုံ ပြည့်စုံပါက ၄င်းတို့အား အုပ် ချုပ်သည့် (အစိုးရ) အဖွဲ့ အစည်း ရှိမှန်းပင် မသိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်ေ အာင်ဆန်း စုကြည်က မတ်လ ၂၁ ရက် နေ့ ညနေပိုင်းက ဒဂုံဆိပ်ကမ်း မြို့နယ် မဲဆန္ဒရှင်များနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။
 ”အားလုံးအဆင်ပြေနေရင် ပြည်သူရဲ့ ဘဝဟာ လွတ်လပ် တယ်၊ လုံခြုံတယ်ဆိုရင် ပြည်သူ တွေအပေါ်မှာ အုပ်ချုပ်တဲ့ အဖွဲ့ အစည်း ရှိနေတယ်ဆိုတာမျိုး မသိ ရဘူး” ဟု ဒေါ်အောင်ဆန်းစု ကြည်က ဟောပြောပွဲတက် ရောက် လာသော လူထုပရိသတ်အား ပြော ကြားသည်။ယင်းအပြင် ၄င်းက ပြည်သူ လူထုဘဝ ပြည့်စုံချမ်းသာပါက အုပ် ချုပ်သည့် အဖွဲ့အစည်းအား ကြောက်စရာမလိုကြောင်း၊ ခယ စရာမလိုကြောင်းနှင့် လာဘ်ပေးရန် မလိုကြောင်း၊ ထို့ ကြောင့် ပြည် သူကရှိမှန်းပင် မသိရသော အစိုးရ မျိုး ဖြစ်ပေါ်လာရန် ကြိုးစားလုပ် ဆောင်သွားမည်ဟု လူထုအား ကတိပြုပြောကြားသွားသည်။ ”အရင်က အရှေ့တိုင်း အဆို တစ်ခုရှိတယ်။ အဆိုးဆုံး အစိုးရ ဆိုတာ ပြည် သူက ရွံမုန်းတဲ့ အစိုးရ တဲ့။ ဒါ့ထက် နည်းနည်းသာတာ ကတော့ ပြည်သူက ကြောက်ရတဲ့ အစိုးရတဲ့။ ဒါ့ထက် ပိုပြီး ကောင်း တာကတော့ ပြည်သူက ချီးမွမ်းတဲ့ အစိုးရတဲ့။ ဒါပေမဲ့ အကောင်းဆုံး ကတော့ ပြည်သူက ရှိမှန်းတောင် မသိရတဲ့ အစိုးရတဲ့” ဟု ဒေါ် အောင်ဆန်းစုကြည်က ၄င်းထူ ထောင်လိုသော အစိုးရနှင့် အစိုးရ များ၏ သရုပ်သ ကန်ကို ရှင်းပြ သည်။ထို့အပြင် အစိုးရတစ်ရပ်သည် ပြည်သူလူထုက ထိန်းချုပ်ထားခြင်း သာဖြစ်ပြီး အစိုးရတစ်ရပ်က ပြည် သူလူထုကို ထိန်းချုပ်ထားခြင်း မဟုတ်ေ ကြာင်း၊ ပြည်သူလူထုအနေ ဖြင့် အစိုးရအပေါ် ဝေဖန်သုံးသပ်နိုင် ရန် သတ္တိမွေးရသည် ဖြစ်ကြောင်း၊ ယင်းကို ပြည်သူလူထုအနေဖြင့် သေသေချာချာ သိရှိထားရန် လို အပ်ကြောင်း ထပ်မံရှင်းပြသည်။ ”ကျွန်မတို့ အနေနဲ့ အဖွဲ့ချုပ် ကို မဲထည့်ပါလို့ပဲ မေတ္တာရပ်ခံ နိုင်တယ်။ အတင်းထည့်ရမယ်လို့ ပြောနိုင်တဲ့ သြဇာအာဏာ လုံးဝ မရှိဘူး။ တခြား အဖွဲ့အစည်းတွေမှာ လည်း မရှိဘူးဆိုတာ မှတ်ထား။ ကြိုတင်မဲဆိုတာလည်း ကိုယ် မထည့်ချင်ဘဲနဲ့ ဘယ်သူမှ အတင်း ထည့်ခိုင်းလို့ မရဘူး” ဟု ၄င်းက လူထုအား အသိပေးပြောကြားခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်  သည် ဧပြီ ၁ ရက် ကြားဖြတ်ရွေး ကောက်ပွဲအတွက် အနယ်နယ် အရပ်ရပ်သို့ စည်းရုံးရေးခရီးများစွာ သွားရောက် ခဲ့ပြီး ရန်ကုန်တိုင်းဒေသ ကြီး လစ်လပ်မဲဆန္ဒနယ် ခြောက် နေရာရှိသည့်အနက် ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ်သည် မဲဆွယ်စည်းရုံးရန် နောက်ဆုံးလာရောက်သည့် မဲဆန္ဒ နယ် ဖြစ်သည်။ ဒေါ်အောင်ဆန်းစု ကြည်၏ ရန်ကုန်တိုင်းဒေသကြီး ခရီး စဉ်များအတွင်း ဒဂုံဆိပ်ကမ်း ယုဇန ဥယျာဉ်မြို့တော်၌ ပြုလုပ်သည့် လုထုဟောပြောပွဲသို့ တက်ေ ရာက် သည့် ပရိသတ်သည် စံချိန်တင် များပြားကြောင်း ၄င်းကိုယ် တိုင် ဝန်ခံပြောကြားသွားသည်။ ဒေါ်အောင်ဆန်းစုကြည်  သည် ဧပြီ ၁ ရက်မတိုင်မီ ကော့ မှူးသို့ တစ်ကြိမ်နှင့် အထက်အညာ ဒေသ မကွေး၊ ချောက်၊ ရေနံချောင်း မြို့တို့သို့ တစ်ကြိမ် စည်းရုံးရေးခရီး ထပ်မံသွားရောက်မည် ဖြစ်သည်။
်                               http://popularmyanmar.com/mpaper/archives/39641

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif