http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 Mar 2012

ကြားဖြတ်ရွေးကောက်ပွဲ၌် ပါတီများအနေဖြင့် ရှုံးနိမ့်မှုကို ခံယူတတ်ရန်၊ နားလည်တတ်ရန် အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ပြောကြား


ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် ရှုံးနိမ့်မှု ကို ခံယူတတ်ရန်၊ နားလည်တတ် ရန် အရေးကြီးကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က မတ်လ ၂၄ ရက်က ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲတွင် ထည့် သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲများ၏ ထုံးစံအရ ရှုံးသူနှင့် နိုင်သူ ထွက်ပေါ်လာမည်ဖြစ်သော်လည်း ထွက်ပေါ်လာသည့် ရလဒ်ကို အားလုံးက ကျေနပ်လက်ခံနိုင်အောင် နားလည်မှု ရှိရှိ၊ ယုံကြည်မှု ရှိရှိ မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ မိဘ ပြည်သူများ၏ အဆုံးအဖြတ်ကို ခံယူကြရာတွင် အရှုံးကို တွေ့ကြုံရသော်လည်း ရှုံးနိမ့်မှုကို ခံယူတတ်ရန်၊ နားလည်တတ်ရန် အရေးကြီးပါကြောင်း၊ မိဘပြည်သူများ၏ ဆုံးဖြတ်ချက်သည် အဓိကဖြစ်သည်ကို နိုင်ငံရေးပါတီများအနေဖြင့် နားလည်ယုံကြည်ထားကြရန် လိုအပ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်တရားမျှတပြီး သန့်ရှင်းစင်ကြယ်ရန်အတွက် ရွေးကောက်ပွဲ ကော်မရှင်တစ်ခုတည်းနှင့် မလုံလောက်ပါကြောင်း၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများအပြင် မိမိတို့ အစိုးရ၊ မီဒီယာများ၊ မိဘပြည်သူများအားလုံး ၀ိုင်းဝန်းဆောင် ရွက်ပေးကြရမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif