http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

နိုင်ငံတကာမှ ၂၄ နာရီဖွင့်သော Retail Market များ ဝင်လာတော့မည်


နိုင်ငံတကာမှ ၂၄ နာရီဖွင့်သော Retail Market များ ဝင်လာတော့မည်မြန်မာနိုင်ငံ၏ ဈေးကွက် အတွင်းသို့ နိုင်ငံတကာမှ Retail Market (လက်လီ အရောင်းဆိုင်) များ ဝင်ရောက် လာနိုင်ရန် လမ်းဖွင့်ပေးတော့ မည် ဖြစ် ပြီး ပြည်တွင်း ဆက်စပ်လုပ်ငန်းများ အနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းအား အတွက် ကြိုတင် ပြင်ဆင်သင့်နေပြီ ဖြစ်ကြောင်း ၂၈-၃-၂၀၁၂ ရက်က သိရသည်။
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အောင်မြင်နေသော ဆဲဗင်းအလဲဗင်း ကဲ့သို့သော Retail Market များ အနေဖြင့် မြန်မာဈေးကွက် အတွင်းသို့ ဝင်ရောက်ခွင့် ရရန် မကြာခဏ ကြိုးပမ်းနေကြမှုများ ရှိနေသည်ဟု သိရကာ မြန်မာ အစိုးရဘက်မှ ခွင့်ပြုပေးသွားရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ “Retail Market ဆိုတာက ၂၄ နာရီဖွင့်တဲ့ ဆိုင်လေးတွေပါပဲ။ နိုင်ငံတကာမှာ ရှိနေတဲ့ ၇-၁၁ လို ဆိုင်မျိုးပေါ့။ ဒီဘက်က ဖွင့်ပေးတော့မယ် ဆိုတော့ ဟိုဘက်ကလည်း လာတော့မှာ။ ပြည်တွင်းက လုပ်ငန်းစု သေးသေးလေးတွေ ကြိုတင်ပြီး ပြင်ဆင်ထားရတော့မယ်” ဟု UMFCCI မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။ ဒီနေရာမှာ အိမ်ဆိုင်လေးတွေနဲ့ လမ်းဘေးဆိုင်လေးတွေ အနေနဲ့ ဈေးကွက် ယှဉ်ပြိုင်မှုတွေ လုပ်လာ ရတော့မှာ။ တကယ်ဆိုရင် ဖွင့်ပေးတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ လောလောဆယ် ပေးသင့်တာနဲ့ နောက်မှ ပေးသင့်တာဆိုပြီး နှစ်မျိုးရှိတယ်။ ဒီကိစ္စမျိုး က နောက်မှ ဖွင့်ပေးသင့်တာ ပြည်တွင်းက အရောင်းဆိုင်လေးတွေ အနေနဲ့ ဈေးကွက်ယှဉ်ဖို့ ဒီအခြေအနေမှာ မလွယ်လှဘူး” ဟု ၎င်းက ရှင်းပြသည်။
“ဝင်လာမယ့် နိုင်ငံတွေက အများကြီးပဲ။ နိုင်ငံတွေကိုတော့ မပြောလိုတော့ဘူး။ သူတို့က အခွန် ငါးနှစ် ကင်းလွတ်ခွင့်ဖြစ်တယ်။ မြန်မာက ဆိုင်လေးတွေက အခွန် ဆောင်နေရသေးတယ်။ ဒီမှာ တစ်ပန်းရှုံးနေပြီ။ ဒီဘက်က ဒီအတွက် ပြင်ဆင်မယ်ဆိုရင်တော့ ငါးနှစ်ကနေ ရှစ်နှစ်အထိ ကြာနိုင်တယ်။ ဒီကိစ္စက သေချာစဉ်းစားပြီး လုပ်သင့်တဲ့ အရာပဲ” ဟု ၎င်းက ပြောကြားသည်။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif