http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

အက်ဖ်အီးစီ ၂၀ တန် ကတ်များလည်း ရောင်းအား ကောင်းနေ


အက်ဖ်အီးစီ ၂၀ တန် ကတ်များလည်း ရောင်းအား ကောင်းနေရန်ကုန် ဈေးကွက် အတွင်းတွင် အက်ဖ်အီးစီ ၂၀ တန် တစ်ခါသုံး ဖုန်းကတ် များလည်း ရောင်းအား ကောင်းနေကြောင်း ဈေးကွက်အ တွင်းမှ စုံစမ်း သိရှိ ရသည်။ အဆိုပါ အက်ဖ်အီးစီ ၂၀ တန် တစ်ခါသုံး ဖုန်းကတ်များမှာ နံပါတ် ပုံသေဖြင့် အသုံးပြု ရခြင်း မဟုတ်ဘဲ ဖုန်းကတ်တစ်ကတ် လျှင် တစ်လသက်တမ်းဖြင့် အသုံး ပြုရခြင်းဖြစ်သည်။
ယင်းဖုန်းကတ် များကို ဈေးကွက် အတွင်းတွင် ပြီး ခဲ့သည့် လပိုင်း အတွင်းကပင် ပြန် လည်ရောင်းချပေးခြင်းဖြစ်ပြီး ယင်း ဖုန်းကတ်များကို လက်ရှိဈေးကွက် အတွင်းတွင် ဝယ်ယူသူ များပြားသည် ဟု ဈေးကွက်အတွင်းမှ သိရသည်။
ယင်းသို့ ဝယ်ယူသူများပြားရ ခြင်းမှာ ရန်ကုန်တွင် ကျပ်နှစ်သိန်း တန်ဖုန်းများထွက်ရန် ရက်အနည်း ငယ်စောင့်ရမည်ဖြစ်သောကြောင့် ဖြစ်ပြီး ယင်းကာလအတွင်း အသုံး ပြုရန် ဝယ်ယူလာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းရှိမိုဘိုင်းအရောင်း ဆိုင်များက ပြောသည်။
မိုဘိုင်းဖုန်း အရောင်းဆိုင် တစ်ဆိုင်က "ဒီရက်ပိုင်းတွေမှာ နှစ် ဆယ်တန်ကတ်တွေ ရောင်းရပါ တယ်။ တချို့ကလည်း နှစ်သိန်း တန်ဖုန်းဝယ်မှာဆိုတော့ မဝယ်ခင် ကြား အချိန်လေး မှာ ဟန်းဆက်ကြို ဝယ်ထားတာရှိတယ်။ ဟန်းဆက် ကြိုဝယ်ထားတော့ လည်း နှစ်ဆယ် တန်ကတ် ထည့်သုံးကြတယ်။
သက်တမ်းကုန်ဆုံးရက်ကလည်း တစ်လလောက်ဆိုတော့ သုံးရတာ အချိန်ကိုက်ပဲပေါ့။ နှစ်ဆန်တန် ကတ်သက်တမ်းကုန်တဲ့အချိန်မှာ နှစ်သိန်းတန်ဖုန်းကလည်း ချပေး တဲ့အချိန်နဲ့ အချိန်ကိုက်ဖြစ်တယ် ဆိုပြီးဝယ်ကြတာပါ"ဟုပြောသည်။
အဆိုပါ အက်ဖ်အီးစီ ၂၀တန် ဖုန်း ကတ်များမှာ ဂျီအက်စ်အမ် နက်ခ်ဝပ်တွင် အသုံးပြုရမည့် ဖုန်းများဖြစ် ပြီး ယင်းဖုန်းကတ်များ၏ သက်တမ်း မှာ တစ်လ သက်တမ်း ဖြစ်သည်။ အဆိုပါ ဖုန်းကတ်များမှာ အထွက်၊ အဝင် ခေါ်ဆိုခ နှစ်မျိုးလုံး ပေးဆောင် ရသော ဖုန်းကတ်များဖြစ်သည်။  
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif