http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

မွန်းတယ်...မွန်းတယ် ရေး-ဆို-ဟဲလေး


မွန်းတယ်...မွန်းတယ် ရေး-ဆို-ဟဲလေးတေးသီချင်း တစ်ပုဒ် ပေါက်ရင်ဖြင့် လူငယ်ထုရဲ့ ပါးစပ်ဖျား၊ ဒါမှမဟုတ် အချစ်သီချင်း ချိုချိုလေးတွေ ဆိုရင်ဖြင့် လူငယ်တွေရဲ့ ဂစ်တာဝိုင်း တွေမှာ ကြားရလေ့ ရှိပါတယ်။ အဲဒီ လိုအောင်မြင်တဲ့ တေးသီချင်း တစ်ပုဒ်ရဲ့ နောက်ကွယ်က ဖန်တီးသူ တေး ရေးဆရာနဲ့ အသက်သွင်းသူတေးဆို တို့ရဲ့ အောင်မြင်မှု အပေါ် ခံစားချက် လေးတွေကို တေးသီချင်းချိုချို အောင်မြင်မှု ချိုချိုဆိုတဲ့ ကဏ္ဍလေး ကနေတင်ဆက်ဖို့စီစဉ်ဖြစ်ခဲ့ပါတယ်။8 DAYS ရဲ့ တေးချစ်ပရိသတ်တွေ လည်း ကြိုက်နှစ်သက် မယ်လို့ ယူဆ ရင်းတင်ဆက်လိုက်ပါတယ်။
မွန်းတယ်စခါစ၊ အိမ်ထောင် ကျခါစ
၂၀ဝ၈ ခုနှစ်က အိမ်ထောင် စကျဖြစ်ခဲ့တယ်။အဲဒီရှေ့ပိုင်းတုန်း ကလည်း သင်္ကြန်ခွေ တွေမှာ နှစ်တိုင်း ဆိုဖြစ်ခဲ့တယ်လေ။
အိမ် ထောင်စကျပြီး ၂၀ဝ၉ ခုနှစ် သင်္ကြန်အတွက် မာစတာတေးသံ သွင်းကနေ မာစတာ (၃) သင်္ကြန် စီးရီးလုပ်ဖို့ပြောလာတယ်။ ရှေ့မှာ လည်း (၁) နဲ့ (၂) က အောင်မြင် ပြီးသား၊ အခု (၃) ကို ဘယ်လို အောင်မြင်အောင် လုပ်ရမလဲဆိုပြီး စဉ်းစားမိတော့ ကျွန်တော်က လည်း အိမ်ထောင်စကျခါ စလေ။ သင်္ကြန်မှာဆိုရင် အမျိုးသားတွေက လွတ်လွတ်လပ်လပ်နဲ့ လည်ပတ်ချင် ကြတယ်။ ကဲချင်ကြတယ်။
ကျွန် တော်လည်း ကဲမယ်ပေါ့။ ရှေ့နှစ် တုန်းကလည်း စိုင်းစိုင်းနဲ့ရဲလေးက တက္ကသိုလ်ရိပ်သာလမ်းမှာ မဏ္ဏပ် တွေထိုးကြတော့ ရဲလေးမဏ္ဏပ်ကို သွားလည်ဖြစ် ခဲ့တယ်။ အဲဒီနှစ်တုန်း ကဆိုရင် စိုင်းစိုင်းနဲ့ရဲလေးတို့ဆိုရင် မဏ္ဍပ်တောင်သိပ်မခြားဘူး။
ကပ်ရပ်လျက်ပဲလေ။ ပျော်စရာကောင်း ခဲ့တယ်။ အဲဒီနှစ်တုန်းကတွေ့ခဲ့ရ တဲ့ အကြောင်းအရာတွေရယ်၊ အိမ် ထောင်ကျပြီးတဲ့အခါမှာ အမျိုး သားတွေအတွက် ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ခံစားချက် အချို့တွေ ကိုရေး ဖြစ်ခဲ့တယ်။ နောက်ပြီး ကျွန်တော် တို့မြန်မာပြည်က အမျိုးသားအများ စုကအသားညိုကြတယ်။
အသား ညိုတဲ့ သူတွေက မုန်းတယ် သီချင်း ကို ကြိုက်ကြတယ်။ ခံစားချက်ချင်း တိုက်ဆိုင် ကြတာပေါ့။ ဒါကြောင့် သီချင်းလေးကို ပရိသတ်တွေ ကြိုက် နှစ်သက် သွားတာပေါ့။
အကြိုက်ဆုံးစာသားရှိရင်ပေါ့
"အသားနည်းနည်းမည်းတယ်။ ဒါပေမယ့် မိန်းမတော့ရှိတယ်။ နည်းနည်းတော့ကဲလို့ရပါတယ်" ဆိုတဲ့ သီချင်းစာသားလေးကို အကြိုက်ဆုံးပါပဲ။ ဒီသီချင်းလေးကိုရေးတုန်းက အချိန်သိပ်မကြာဘူး။ ရေးတာကတော့မြန်တယ်။ တီးတာ ကတော့ သိပ်မကြိုက်ရင် ပြန်တီး တာနဲ့ဆိုတော့ (၃) ရက်လောက်ပဲ ကြာခဲ့ပါတယ်။ ကျွန်တော်ဆိုရင် ပရိသတ်က ပြောကြတယ်။
မိန်းမ ရတာစောတယ်ပေါ့။ ကျွန်တော် တင်မဟုတ်ပါဘူး။ တခြားအနု ပညာရှင်တွေလည်း အိမ်ထောင်ပြု တာစောရင် ပရိသတ်ကပြောကြ တာပဲလေ။ အဲဒီအကြောင်းအရာ လေးကို မူတည်ပြီး ဒီသီချင်းလေးကို ရေးဖြစ်ခဲ့တာပေါ့။
အမှတ်တရတွေထဲမှ အမှတ် တရများ ကျွန်တော့်အိမ်မှာ Home Studio ရှိတော့ ကျန်တဲ့အတီးပိုင်း ကို အိမ်မှာတီးဖြစ်ခဲ့ပေမယ့် ဂစ်တာ Solo ကို Pro Studio မှာတီးဖြစ် ခဲ့တယ်။ ကိုနိုင်ဇော် ကလည်း အလုပ်အရမ်းများတော့ အဲဒီနေ့က ညမိုးချုပ်မှ ဂစ်တာ Solo လေးကိုတီးဖြစ်ခဲ့တာ။
ဖြစ်ချင် တော့ အဲဒီနေ့က ကျွန်တော့်အဖေ ကလည်း ရောက်နေတော့ ကိုနိုင် ဇော်ဂစ်တာ Solo လေးတီးတာကို နားထောင်ဖို့ အဖေ့ကို ခေါ်သွား တာ အမေပါပါလာခဲ့တယ်။ မိသား စုလိုက် နားထောင်ဖြစ်ခဲ့တာ အမှတ်တရပေါ့။
နောက်တစ်ခုက ကျွန်တော့်ရဲ့ ကြင်ရာဖက်သီချင်း ကစလို့ ကျွန်တော့်ရဲ့ အပြင်က သူငယ်ချင်းတွေ ဟာမိုနီလိုက် ပေးခဲ့ကြတယ်လေ။ ဒီသီချင်းမှာ လည်း အမှတ်တရ ဖြစ်အောင် သူတို့ ကို ဟာမိုနီလိုက်ပေးခိုင်းခဲ့တယ်။ အပြင်က သူငယ်ချင်းတွေရဲ့ "ဟေးဟို"ဆိုပြီး နောက်က ဟာမိုနီ လိုက်သံလေးတွေကိုမွန်းတယ်။ သီချင်းမှာကြားနိုင်မှာပါ။
ဆိုခဲ့တဲ့ သင်္ကြန် သီချင်းတွေ ထဲမှာ အအောင်မြင် ဆုံးလဲ။
သင်္ကြန်နဲ့ ပတ်သက်ပြီး ကျွန် တော်က ပရိသတ်ကို အရမ်းထူး ထူးခြားခြားမဟုတ်ရင်တောင် ထူး ခြားတဲ့အစီအစဉ် သီချင်းလေးတွေ နဲ့တင်ဆက်ပါတယ်။ ကျွန်တော် တင်ဆက်သမျှ သီချင်းထဲမှာတော့ မွန်းတယ်။
မုန်းတယ်သီချင်းက အအောင်မြင်ဆုံးသီချင်းလေးတစ် ပုဒ်ပေါ့။ ဒီနှစ်ဆိုရင်လည်း မာစတာ သင်္ကြန် ၂၀၁၂ စီးရီးမှာ Angry Bird ဆိုတဲ့ သီချင်းလေးကို အကောင်းဆုံးဖြစ်အောင်လုပ်ထား ပါတယ်။
မွန်းတယ် . . .. မွန်း တယ် သီချင်းလေးကတော့ ကျွန် တော်ဖြတ်သန်းလာခဲ့တဲ့ သီဆိုခဲ့တဲ့ သင်္ကြန်သီချင်းတွေထဲမှာတော့ အအောင်မြင်ဆုံးသီချင်းလေးတစ် ပုဒ်ပါလို့ပြောချင်ပါတယ်။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif