http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

ငွေတောင်ပြည်သို့ ပြည်ပဧည့်အဝင် များစေရန် ပြည်နယ်အစိုးရ ကြိုးပမ်းမည်

ငြိမ်းချမ်းရေးရောင်နီ သမ်းလာသော ကယားပြည်နယ်သို့ ပြည်ပဧည့်အဝင် တိုးမြင့်လာစေရန် ပြည်နယ်အစိုးရမှ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု သတင်းရရှိသည်။
ကယားပြည်နယ်သည် မြန် မာနိုင်ငံ၏ ရှားပါးတိုင်းရင်းသား မျိုးနွယ်စုဖြစ်သော ပဒေါင်လူမျိုးတို့ နေထိုင်ရာ အရပ်ဒေသဖြစ်သည့် အပြင် ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားနိုင်သည့် ရေမြေတောတောင်နှင့် သဘာဝသယံဇာတ များရှိသော်လည်း ယခင်က ဒေသအတွင်း မတည်ငြိမ်မှုများရှိခဲ့သည့် အတွက် ပြည်ပခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးမှုနည်းပါးခဲ့ရကြောင်း၊ ထို့ အပြင် ကယားပြည်နယ်သို့ လာရောက် လည်ပတ်လိုသော ပြည်ပဧည့်များမှာ သက်ဆိုင်ရာ၏ ခွင့်ပြုချက် များဖြင့်သာ လာရောက် လည်ပတ်ခွင့်ရပြီး လွိုင်ကော်မြို့ အတွင်းသာ သွားလာခွင့် ရှိခဲ့ ကြောင်း၊ ယခုမူ ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရောင်ခြည်သန်း လာပြီဖြစ်သည့်အတွက် ဆယ်စု နှစ်စာမျှ နောက်ကျကျန်ခဲ့သော ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မလိုလားအပ်သော အတားအဆီးများ ဖြေလျှော့ပေးသွားရန် ပြည်နယ် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း ဟိုတယ်နှင့် ခရီးသွားလာ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အခြေခံ လိုအပ်ချက်ဖြစ်သော နိုင်ငံတကာအဆင့် ဟိုတယ်များ ပေါ်ထွန်းလာစေရေး အတွက် မြန်မာနိုင်ငံခရီးသွားလာရေး လုပ်ငန်းဘုတ်အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
”ကျွန်တော်တို့အနေနဲ့ အခု အချိန်မှာ ပြည်နယ်အတွင်း ငြိမ်းချမ်း ရေးရရှိလာပြီဖြစ်တဲ့အတွက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကုန်လုပ်သွားမှာပဲ။ လောလောဆယ် ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံ ထိ စပ်နေတဲ့နေရာ ကိုးခုမှာ နယ်စပ် ကုန်သွယ်ရေးစခန်းတွေ ဖွင့်သွားဖို့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ကို တင်ပြဆောင်ရွက်သွားမယ့် အပြင် ခရီးသွားလုပ်ငန်းကိုလည်း အဆင်ပြေချောမွေ့အောင် စီစဉ်ပေး သွားမယ်”ဟု ၄င်းကဆိုသည်။
ပြည်ပ ဧည့်လမ်းညွှန်တစ်ဦးက ကယားပြည်နယ်သည် နိုင်ငံခြားသားများ စိတ်ဝင်စားသည့်ဒေသ တစ်ခုဖြစ်သည့်အပြင် သဘာဝအခြေခံ ခရီးတစ်ခုအဖြစ် ပေါ်ထွန်း လာဖွယ်ရှိကြောင်း၊ ယခင်က ကယားပြည်နယ်သို့ သွားရောက် လိုသော နိုင်ငံခြားခရီးသည်များမှာ နေရာဒေသ ကန့်သတ်ချက် အခက်အခဲများကြောင့် သွားလာမှု နည်းပါး ခဲ့သော်လည်း KNPP နှင့် အစိုးရအကြား သဘောတူညီမှုများရရှိပြီနောက် ကန့်သတ်ချက်အချို့ လျော့နည်းလာခဲ့သည့်အတွက် ပြည်ပ ဧည့်ဦးရေ မြင့်တက်လာခဲ့ကြောင်း ပြောသည်။
            http://popularmyanmar.com/mpaper/archives/39610      

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif