http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

ပုဂံရှေးဟောင်း နယ်မြေအတွင်းရှိ လမ်းများ ရှေးမူမပျက် ပြုပြင်မည်

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ တန်ခိုးကြီးဘုရားသွားလမ်းများကို မိုးတွင်းပါ သွားလာနိုင်စေရန် ရှေးမူမပျက် ပြုပြင်ပေးမည်ဖြစ်ကြောင်း ပုဂံရှိ ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူက ပြောသည်။
”ရှေးမူမပျက်ဆိုတာက ရှိပြီးသား မြေသားလမ်းကိုပဲ မြေပြင်အနေအထားနဲ့ ကိုက်ညီမယ့် ပုံစံမျိုးပေါ့။ မိုးတွင်းဆို မြေသားလမ်းတွေက ရွှံ့တွေ၊ ဗွက်တွေ ဖြစ်တယ်။ အဲဒီလို မျိုး မဖြစ်အောင် မူလမြေသား အရောင်နဲ့လည်း မတိမ်းမယိမ်း ဖြစ် အောင် ပြုပြင်သွားမယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ အာနန္ဒာလမ်းခွဲ-ဓမ္မရံကြီးဘုရားလမ်း၊ ဓမ္မရံကြီးလမ်းခွဲ- စူဠာမုနိဘုရားလမ်း၊ စူဠာမုနိဘုရား-ဆင်ဖြူရှင်ဘုရား လမ်း၊ ဆင်ဖြူရှင်ဘုရား-လေးမျက် နှာဘုရားလမ်း၊ အနော်ရထာ-ရွှေဆံတော်-ပုဂံမြို့သစ်လမ်း၊ ရွှေဆံ တော်ဘုရား-မင်္ဂလာစေတီဘုရား လမ်း၊ ဓမ္မရံကြီးလမ်းခွဲ-ဓမ္မရာဇက ဘုရားလမ်းနှင့် အလိုတော်ပြည့် ဘုရား-စူဠာမုနိဘုရားလမ်း စသည့် မြေသားလမ်းများကို မူလသဘာဝ အခြေအနေများ မပျက်စေရန် ရှေးမူမပျက် ပြုပြင်ဆောင်ရွက်ပေး လျက်ရှိကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက မတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် အမျိုးသား လွှတ်တော် တတိယပုံမှန် အစည်း အဝေးတွင် ပြောကြားထားသည်။
”တချို့ဘုရားတွေဆို ဘုရားတွေထဲ ကားမဝင်ရတာ ရှိတယ်။ အဲဒီလိုမျိုးကျတော့ လမ်းလျှောက်ဝင်ရတဲ့အခါ အဆင်ပြေအောင် လုပ်ပေးတာမျိုး၊ ဘုရားပတ်လည်က မြေနီလမ်းတွေကို သွားရလာရ အဆင်ပြေအောင် လုပ်ပေးတာမျိုးတွေဆို ကောင်းပါတယ်”ဟုပုဂံအခြေ စိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ၄င်း၏အမြင်ကို ပြောသည်။
လက်ရှိတွင် ပုဂံသို့ ခရီးသွား ဝင်ရောက်မှု များပြားလျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးသာမက ခရီးသည်များ လုံခြုံရေးအတွက် အဓိက လမ်းမကြီးများတွင် မီးလင်းရန် လို ကြောင်း အထက်ပါ လုပ်ငန်းရှင်က အကြံပြုသည်။
”ညနေပိုင်း နေဝင်ချိန်ကြည့်ပြီး ပြန်လာတဲ့ ဧည့်သည်တွေဆို မိုးချုပ်တယ်၊ တချို့ မိန်းလမ်းတွေက မီးမလင်းတဲ့အခါကျတော့ ဧည့်သည်တွေ လုံခြုံရေးအတွက် ပြဿ နာတွေ ရှိလာနိုင်တယ်” ဟု ၄င်းက ပြောသည်။
မေဇင်ဝင်း               http://popularmyanmar.com/mpaper/archives/39611

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif