http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 Mar 2012

တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မတ်လ ၂၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ''ရေဖြူ မဲဆန္ဒနယ်က ဦးဝင်းဦး ဆွေးနွေးသွားတဲ့ နိုင်ငံတော်ဘက် စဉ်းစားပြီးတော့ အခုလုပ်တဲ့ Project တွေမှာ နိုင်ငံခြားသားတွေ သူတို့ရဲ့ အချိုးဟာ ဘယ်လောက် များတယ်၊ ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ ပြည်တွင်းက လုပ်သားတွေ အင်အားကတော့ နည်းတယ်စသည်ဖြင့် ထောက်ပြ ဝေဖန်သွားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း နောက်ဆုံးထုတ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှာ ပြည်တွင်းကနေပြီးတော့ ကျွမ်းကျင်သူ ဆိုလို့ရှိရင် ပထမနှစ်မှာ ဘယ်လောက် ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ ဘယ်လောက် ရာခိုင်နှုန်း စသည်ဖြင့် ဒါလေးကိုလည်း ကျွန်တော် လေ့လာထားပါတယ်။ ကျွန်တော်တို့ရဲ့ Project စကတည်းက တရုတ်နဲ့ လုပ်ထားတဲ့ ပိုက်လိုင်းမှာလည်းပဲ ဘယ်လို အဆင့်မျိုးဆိုရင်တော့ ပြည်တွင်းကပဲ သုံးရမယ်လို့ ကျွန်တော်တို့ ကန့်သတ်ထားတာ ရှိပါတယ်။ ကန့်သတ်ထားတာတွေ ရှိပင်ရှိငြားသော်လည်းပဲ ဒီအထဲမှာပဲ လက်တစ်လုံးခြား လုပ်ပြီးတော့ စည်းကမ်း ဖောက်ဖျက်နေတာရှိကြောင်း ၀န်ခံပါတယ်။ ဥပမာအားဖြင့် တရုတ်နဲ့ ပိုက်လိုင်းမှာလည်းပဲ ဒီလိုမျိုး ကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီးတော့ ဟိုဘက်ကနေပြီးတော့ Work Permit နဲ့ အလုပ် Visa နဲ့ မဟုတ်ဘဲနဲ့ Tourist Visa နဲ့ ၀င်လာပြီးတော့မှ ယန္တရားတက်မောင်းလို့ သေတဲ့ အမှုတွေလည်း ရှိပါတယ်။ ချက်ချင်းပဲ အဲဒီပုဂ္ဂိုလ်တွေကို ပြည်ပက သူတို့ သံအမတ်ဆီကို စာရေးပြီးတော့ ချက်ချင်းပြန်ထွက်ပါ။ ဒါမျိုးနဲ့ ကျွန်တော်တို့ လုပ်ခဲ့ရတဲ့ အရေးယူခဲ့ရတဲ့ အချိန်တွေလည်း ရှိပါတယ်''ဟု ပြောကြားခဲ့သည်။
တရုတ်နဲ့ ပိုက်လိုင်းမှာလည်းပဲ ဒီလိုမျိုးကျွန်တော်တို့ ထုတ်ပြန်ထားတဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့ ဟိုဘက်ကနေပြီးတော့ Work Permit နဲ့အလုပ် Visa နဲ့မဟုတ်ဘဲနဲ့ Tourist Visa နဲ့ဝင်လာ ပြီးတော့မှ ယန္တရားတက်မောင်းလို့ သေတဲ့ အမှုတွေလည်း ရှိပါတယ် . .
ဆက်လက်၍ ပြည်ထောင်စု ၀န်ကြီးက ''အလားတူပဲ အခု ဇောတိက ပိုက်လိုင်းမှာ ဦးဝင်းဦးကတော့ တရုတ် ၃၀၀ လောက်ရှိတယ်။ မြန်မာက ၅၀ လောက် ရှိတယ်ပြောပါတယ်။ သို့သော် ဒီကိန်းဂဏန်းကတော့ ဒီလောက် တစ်ဖက်စောင်းနင်းတော့ မဟုတ်ဘူးခင်ဗျ။ သို့သော်လည်း ကျွန်တော့်ဆီမှာ ဒီဟာ အတိအကျ မပါတဲ့အတွက် ကျွန်တော် ပြန်ပြီး စိစစ်ပြီးတော့ ဆောင်ရွက်ပေးပါမယ်။ ယခုလည်းပဲ အနားမှာ အလုပ်သမားဝန်ကြီး ရှိပါ တယ်။ အဲဒီ Project မှာပဲ ကျွန်တော်တို့ရဲ့ မြန်မာလုပ်သားတွေဟာ အနားမှာရှိတဲ့ TOTAL ရဲ့ အလုပ်သမား စည်းမျဉ်း ဥပဒေတွေ အဲဒီမှာရှိတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ၊ အလားတူပဲ PTTEP ရဲ့ အလုပ်သမား တွေရဲ့ ရပိုင်ခွင့်တွေ ဒါတွေကို လိုက်ကြည့်ပြီးတော့ သူတို့လည်းပဲ ရလိုကြောင်းနဲ့ ပြောလာတဲ့အတွက် ဒါကို ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရရော၊ စွမ်းအင်ဝန်ကြီးဌာနရော၊ အလုပ်သမားဝန်ကြီးဌာနပါ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးတဲ့အတွက် သူတို့ တခြားကုမ္ပဏီက အလုပ်သမားတွေလိုပဲ ယူနီဖောင်းတွေ ရတယ်။ သန့်ရှင်းသော သောက်သုံးရေ ရတယ်။ အလုပ်ချိန် စသည်အားဖြင့် ဒါလေးတွေဟာ ကျွန်တော်တို့လည်းပဲ ဒါတွေကိုမြင်ပြီးတော့ လိုက်ပြီး ဆောင်ရွက်ပေးနေပါတယ်။ ဦးရေအချိုးအစားကတော့ ပြန်ကြည့်ပြီးတော့ ဒါလေးတွေကို စိစစ်ပြီးတော့ ဆောင်ရွက်ပေးသွားပါမယ်လို့ တင်ပြပါတယ်''ဟု ပြောကြားခဲ့သည်။          http://www.weeklyeleven.com/index.php?option=com_content&view=article&id=13001:2012-03-28-04-54-01&catid=42:2009-11-10-07-36-59&Itemid=112

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif