ဂီတ နားထောင် ခြင်းအား ဖြင့် လူ တို့၏ ဦးနှောက် မှ နှစ်သက် ပျော်ရွှင် ခံစားမှု ပေးနိုင် သော ဓာတုပစ္စည်း တစ်ခုဖြစ်သည့် ဒိုပါမင်း (Dopamine) ထွက်ရှိစေကြောင်း လေ့လာ မှုအသစ်တစ်ခုအရ သိရှိရပါတယ်။ ဤတွေ့ရှိချက်က ဂီတသည် ယဉ်ကျေးမှုနယ်ပယ်တွင် ဘာကြောင့် ရေပန်းစားရသလဲဟူသော အကြောင်း ရင်းကို ရှင်းပြရန်ကူညီပေးခြင်း ဖြစ် ကြောင်းသိရပါတယ်။ လေ့လာမှုတွင် ဂီတသံစဉ်ထဲမှာပါသော အစိတ်အပိုင်း တစ်ခုကို နားထောင်ပြီးတဲ့အခါတိုင်း ကြည်နူးအေးချမ်းမှုကိုခံစားရသောလူ ၈ ဦးကို လေ့လာခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ဦးနှောက်များကို ဓာတ်မှန် ရိုက်ကြည့်တဲ့အခါ ဒိုပါမင်းထုတ်လွှတ် မှုရှိကြောင်း တွေ့ရပါတယ်။ ဒီစမ်းသပ် မှုမှာ ပါဝင်တဲ့ဂီတသံစဉ်တွေကတော့ အဆိုမပါ တီးလုံးသက်သက် ဖြစ်ပါ တယ်။ ဒါ့ကြောင့် ဒိုပါမင်းထွက်ရှိ ခြင်းဟာ သီချင်းဆိုသံပေါ်မှာ မူတည် ခြင်းမရှိပါဘူး။ ဒါကြောင့် သီဆိုတဲ့ အသံက ဘယ်လိုပါဝင်နိုင်သလဲ ဆို တာကို လေ့လာဖို့ လိုအပ်နေသေး ကြောင်း သိရပါတယ်။ ယခင်သုတေသနပြုလုပ်ချက် များအရ လူတွေအစားစားနေစဉ်နှင့် လိင်ဆက်ဆံနေစဉ်တို့တွင် ကျေနပ် နှစ်သက်ပျော်ရွှင်သောခံစားမှု ရရှိစေ ရန် ဒိုပါမင်းကကူညီနိုင်ကြောင်း သိရှိ ထားပြီး ဖြစ်ပါတယ်။ http://www.yoyarlay.com







0 comments:
Post a Comment