http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Mar 2012

ပြည်သူများက မှန်ကန်စွာဆုံးဖြတ်ချက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ယုံကြည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည် တော်ရှိ လစ်လပ်နေသော ပြည်သူ့လွှတ် တော်မဲဆန္ဒ နယ်များတွင် လာရောက် မဲဆွယ်ဟောပြောရာတွင် ပြည်သူများ အနေဖြင့် လာမည့်ကြားဖြတ်ရွေး ကောက်ပွဲတွင် မှန်ကန်စွာ ဆုံးဖြတ်ပေး မည်ကို ယုံကြည်သည်ဟု ယခုလ ၅ ရက် နှင့် ၆ ရက်က နေပြည်တော်သို့လာ ရောက်စဉ် ပြောကြားသည်။
"စိတ်ဓာတ် အရ စွန့်စွန့်စားစားနဲ့ ကျွန်မတို့ရဲ့ကိုယ်စားလှယ်လောင်း တွေကိုလာပြီး အရွေးခံခိုင်းတာပါ" ဟု ဒေါ်အောင်ဆန်း စုကြည်က ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်း မနားကျေးရွာတွင် ယခုလ ၅ ရက်က ပြုလုပ်သည့် မဲဆွယ်ပွဲ၌ ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ ဖြင့် မြန်မာနိုင်ငံတွင် ပြည်သူလွှမ်းမိုးသည့် ဒီမိုကရေစီစနစ်ကို အမြစ်တွယ် စေလိုကြောင်းနှင့် ပြည်သူ့အင်အားသည် နိုင်ငံတိုင်းအတွက် ကြီးမားသည့် အင်အားဖြစ်ကြောင်းလည်း ၎င်းကပြော ကြားသည်။
"ပြည်သူတွေရဲ့အင်အားဆိုတာ နည်း တာမဟုတ်ပါဘူး။ ပြည်သူမရှိရင် နိုင်ငံ ဆိုတာ မရှိနိုင်ဘူး။ အဲဒါကို အမြဲမှတ် ထားစေချင် ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ပြည်သူ့ဩဇာလွှမ်းမိုးနိုင်သည့်စနစ် ဖြစ်စေရန်အတွက် ပြည်သူများအနေ ဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ တွင် မဲပေးရန် လိုသည်သာမက မဲမသမာ မှုများမဖြစ်စေရန်လည်း အဖွဲ့ချုပ်အဖွဲ့ ၀င်များအပြင် ပြည်သူများကလည်း ၀ိုင်းဝန်းဆောင်ရွက်ရန်လို သည်ဟု ၎င်း က ပြောကြားသည်။
ပြည်သူများကိုလည်း ရွေးကောက်ပွဲ မဲမသမာမှုများနှင့် ပတ်သက်၍ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများက ပညာပေး မှုများပြုလုပ် သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
"ရွေးကောက်ပွဲမဲပေးတာနဲ့ပတ်သက် ပြီး ပညာပေးမှုတွေပြုလုပ်ဖို့ ကြိုးစားနေ ပါတယ်။ မဲဘယ်လိုပေးရမယ်။ ပယ်မဲ မဖြစ်အောင် ဘယ်လိုပေးရမယ်ဆိုတာ တွေ ပြုလုပ်ပါမယ်" ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
ရွေးကောက်ပွဲအတွင်း မဲမသမာမှု များရှိပါက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သို့ အကြောင်းကြားနိုင်ကြောင်း၊ မဲမ သမာမှုများ တွေ့ရှိပါက ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင်ကန့်ကွက်သွား မည်ဖြစ်ကြောင်းလည်း ၎င်းကပြော သည်။
"ပြည်သူတွေကို ခြိမ်းခြောက်မဲထည့် ခိုင်း၊ ငါတို့ကိုတော့ မဲမပေးရင် ဘာတော့ မပေးဘူး။ ငါတို့ကို မဲမပေး ရင် ဘယ်လို အခွင့် အရေးတွေ ရုပ်သိမ်းမယ်ဆိုတာ တရားမ၀င်သလို မဲပေးရင် ဘာပေးမယ် ဆိုတဲ့ လာဘ်ပေးတာဟာလည်း တရား မ၀င်ပါဘူး"ဟု ၎င်းက ပြောသည်။
ထို့ပြင် ၀န်ထမ်းများဂုဏ်သိက္ခာရှိရှိ နှင့် အဆင့်မြင့်မြင့်နေထိုင်နိုင်ရန် လုံ လောက်သည့်လစာနှင့် လုံလောက်သည့် တရားဥပဒေ၏ အကာအကွယ်ပေးမှု လည်း လိုအပ်သည်ဟု ၎င်းက ပြောကြား သည်။
ပြည်သူများအနေဖြင့်လည်း မိမိတို့၏လိုအပ်ချက်များသာမက နိုင်ငံဘက်က တတ်နိုင်သည်ကိုလည်း ကြည့်ရမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခု ၆ ရက်က ဥတ္တရသီရိမြို့နယ်တွင် ပြောကြားသည်။
"ကျွန်မတို့တိုင်းပြည်ရဲ့ တကယ့် ရတနာဟာ ကျွန်မတို့ပြည်သူတွေပါ" ဟု ဒေါ်အောင်ဆန်း စုကြည်က ပုဗ္ဗသီရိမြို့ နယ်တွင် ပြောကြားခဲ့သည်။       http://www.myanmar.mmtimes.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif