http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Mar 2012

အဲအေးရှားလေကြောင်း နေပြည်တော်သို့ တိုက်ရိုက် ပြေးဆွဲရန် စီစဉ်နေ

ထိုင်းနိုင်ငံအခြေစိုက် စရိတ်နည်း အဲအေးရှားလေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်သို့ ယခုနှစ်ကုန်ပိုင်းခန့် တွင် ပျံသန်းပြေးဆွဲနိုင်ရန် စီစဉ်နေသည် ဟု ၎င်းလေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ် Tassapon Bijleveld က ပြောကြားသည်။
"ကျွန်တော်တို့အနေနဲ့ နေပြည်တော် ကို ပျံသန်းပြေးဆွဲနိုင်ဖို့အတွက် ခွင့်ပြု ချက်ရရှိနိုင်ဖို့ ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောသည်။
ယခုနှစ်အတွင်း ပြေးဆွဲနိုင်နိုင်မည်ဟု လည်း ၎င်းကပြောသည်။
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက ဖွင့်လှစ်ခဲ့ သည့် နေပြည်တော်အပြည်ပြည်ဆိုင် ရာလေဆိပ်သည် တစ်နှစ်လျှင်ခရီးသည် ၃ ဒသမ ၅ သန်းကို လက်ခံနိုင်သော် လည်း လက်ရှိအချိန်တွင် ရန်ကုန်၊ မန္တလေးနှင့် ဟဲဟိုးတို့မှ ပျံသန်းလာသည့် ပြည်တွင်းခရီးစဉ်များသာ နေပြည်တော် လေဆိပ်တွင် ဆင်းသက်လျက်ရှိ နေသေး သည်။
"နေပြည်တော်ဟာ အစိုးရအုပ်ချုပ်ရေး ရဲ့ ဗဟိုအချက်အချာဖြစ်တဲ့အတွက်ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေအတွက် တိုင်းပြည် က ပိုမိုပွင့်လန်းလာတာနဲ့အမျှ နေပြည် တော်ကို တိုက်ရိုက်သွားချင်တဲ့သူတွေ ပိုများလာမှာဖြစ်ပါတယ်" ဟု Tassapon Bijleveld က ပြောကြားသည်။
အဲအေးရှားလေကြောင်းလိုင်းသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ မန္တလေးမြို့သို့ တိုက်ရိုက်လေယာဉ်ပြေး ဆွဲရန် စီစဉ်လျက် ရှိပြီး ကွာလာလမ်ပူမှ ဘန်ကောက်၊ မန္တလေးနှင့် ပုဂံသို့လည်း ပျံသန်းရန် ကြိုးပမ်းလျက်ရှိသည်ဟု လေကြောင်းလိုင်းတည်ထောင်သူ Mr Tony Fernandes က ဖေဖော်ဝါရီလ အတွင်းက ပြောကြားခဲ့သည်။
၎င်းလေကြောင်းလိုင်းသည် ဘန်ကောက် - ရန်ကုန်နှင့် ကွာလာ လမ်ပူ-ရန်ကုန်ခရီးစဉ်နှစ်ခုဖြင့် မြန်မာ နိုင်ငံသို့ ပျံသန်းပြေးဆွဲ လျက်ရှိပြီး မြန်မာ နိုင်ငံသို့ ယခင်နှစ်ကခရီးသွား ၂၇၀,၀၀၀ခန့် သယ်ဆောင်ပေးခဲ့ သည်။            http://www.myanmar.mmtimes.com/20

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif