http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Mar 2012

လားဟူ၊ လီရှော တိုင်းရင်းသား ၇၀၀ ကျော် ဗုဒ္ဓဘာသာ အဆုံးအမခံယူ

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် လွယ်လုံကျေးရွာ၌ လားဟူနှင့်လီရှော တိုင်းရင်းသား ၇၀၀ ကျော် ဗုဒ္ဓဘာသာ အဆုံး အမ ခံယူပွဲကို မန္တလေးမြို့၊ ရန်ကင်းတောင်ခြေ၊ ရန်ကင်းအေးငြိမ်းရိပ်သာ၊သာသနာ့ အကျိုးဆောင်အဖွဲ့က ဦးစီး၍ဖေဖော် ၀ါရီ ၁၈ ရက်က ကျင်းပခဲ့သည်။
"ရန်ကင်းအေးငြိမ်းရိပ်သာ လက် ထောက် ဆရာတော်ဟာ သာသနာ့ တက္ကသိုလ်ကဘွဲ့ရပြီး နယ်စပ်ဒေသကို သာသနာပြုရာမှာ လွယ်လွန်ကျေးရွာမှာ သာသနာပြုခဲ့ ဖူးပါတယ်။ ဆရာတော် အေးငြိမ်း ရိပ်သာမှာ လက်ထောက်ဆရာ တော် ဖြစ်လာပေမယ့် သူသာသနာပြုခဲ့တဲ့ ဒေသကိုဆက်လက်ပြီး သာသနာ ပြန့်ပွားအောင် ဆောင်ရွက်တဲ့ အနေနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာဆက်လက် ဆောင်ရွက်တာဖြစ်ပါတယ်။ ဆရာတော်ရဲ့လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ အေးငြိမ်းရိပ်သာအကျိုး တော်ဆောင်အဖွဲ့က ပါဝင်ဆောင်ရွက် တာဖြစ်ပါတယ်"ဟု ဥက္ကဋ္ဌ ဦးသိန်းအောင်က ဆိုသည်။
ဗုဒ္ဓဘာသာ အဆုံးအမခံယူပွဲတွင် အိမ်ထောင်စုတစ်စုလျှင် ကြေးဆင်းတု တစ်ဆူ၊ ဗုဒ္ဓဘာသာ အဆုံးအမခံယူသူများကို ဘုရားပုံ လည်ဆွဲ တစ်ယောက် လျှင် တစ်ခုစီဖြင့် အရေအတွက် ၇၅၀ ခန့် ဒါနပြုခဲ့သည်။
သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် မိုင်းလျန်းကျေးရွာဘုန်းတော်ကြီး ကျောင်းဆောက်လုပ်နိုင်ရန် ကျပ် သိန်း ၂၀၊ မိုင်းပြင်းမြိုနယ် ဗဟိုသာသနာပြု ကျောင်း ဆောက်လုပ်ရန် ကျပ်သိန်း ၃၀၊ လှူဒါန်းခဲ့သည်။
ယခင်နှစ်များက ဗုဒ္ဓဘာသာအဆုံး အမခံယူထားသည့် အိမ်ထောင်စုများ ကိုလည်း ဆင်းတုတော် ၅၀ ခန့်ပေးအပ်ခဲ့သည်။ ၎င်းပွဲသို့ မိုင်းပြင်းမြို့နယ်၊ ဗဟို သာသနာပြု ကျောင်းဆရာတော်၊ ဒေသခံဆရာတော် အပါး ၂၀ ကျော်နှင့်မြို့နယ်သံဃနာယက ဆရာတော်များ ကြွရောက် ချီးမြင့်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် မိုင်းလျန်း မြို့နယ် တိုင်းရင်းသား ၄၀၀ ကျော်၊ ၂၀၁၁ ခုနှစ်တွင် ဖယ်ခုံမြို့နယ် အိမ်ထောင်စု ၆၇ စု၊ မိုင်းပြင်း မြို့နယ် တိုင်း ရင်းသား ၃၅၂ ယောက်၊ ၂၀၀၁ ခုနှစ် မဟာဗောဓိမြိုင် ဆရာတော်ကြီး လက်ထက်၌ တိုင်းရင်းသား ၂၀,၀၀၀ ကျော် ဗုဒ္ဓဘာသာအဆုံး အမခံယူခဲ့သည်။       http://www.myanmar.mmtimes.com/2012/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif