http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တိုက်တွန်း

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက်မှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက တေးဂီတပညာရှင်များနှင့် ပူးပေါင်းပြုလုပ်သော HIV ဝေဒနာသည်များအတွက် ရန်ပုံငွေရှာပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် မင်းကိုနိုင် (၀ဲ)နှင့် ကိုကိုကြီး (ယာ) တို့ကို တွေ့ရစဉ်။
နိုင်ငံတကာ လေ့လာစောင့်ကြည့်သူ ၁၅၉ ဦးကို ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်တာကို သူတို့အနေနဲ့ ကြိုဆိုပေမယ့် လေ့လာသူတွေအတွက် လုံလောက်တဲ့ အချိန်မရတာ တွေ့ရတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက RFA ကိုပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဦးစီးပြီး၊ လူငယ်အဖွဲ့တွေနဲ့ ဖွဲ့စည်းဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှု ကွန်ယက်အနေနဲ့ လုပ်ငန်းတွေ စတင်နေပြီဖြစ်သလို၊ ဖေ့စ်ဘွတ်ခ် အင်တာနက် စာမျက်နှာသစ်တစ်ခုဖွင့်ပြီး သူတို့တွေ့ရှိသမျှ ပုံမှန်ဖော်ပြသွားမယ်လို့ ကိုကိုကြီးက ပြောပါတယ်။
ကွန်ယက်အဖွဲ့ဝင်တွေကို ပြည်သူတွေ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းနံပါတ်တွေ၊ အီးမေးလ်လိပ်စာတွေ၊ စောင့်ကြည့်ရမယ့်အချက်တွေပါတဲ့ လက်ကမ်းကြော်ငြာတွေလည်း ဝေငှနေပြ်ီ ဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ် မေးမြန်းချက်။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif