မလေးရှားနိုင်ငံမှ မေဘဏ်- May Bank နှင့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ပူးပေါင်းလုပ်ကိုင်ရန် သမ၀ါယမဘဏ်လီမိတက်ကဗဟိုဘဏ်သို့ တင်ပြတောင်းဆိုထားကြောင်း အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်ကဆိုသည်။
ယင်းသို့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်မည်ဆိုပါက မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများအတွက် သီးသန့်ဆောင်ရွက်ရမည်ဖြစ်သည်။ ငွေလွှဲမှုကို တစ်ကြိမ်လျှင် (ရင်းဂစ် ၁၀၀၀၀)နှင့်ညီမျှသည့် ဒေါ်လာ ၃၀၀၀ ၀န်းကျင်ကိုသာ မလေးရှားနိုင်ငံက ခွင့်ပြုကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
“ဒါက အလုပ်သမားတွေအတွက်ပဲ သီးသန့်လုပ်ပေးတာ၊ သူဌေးတွေ ငွေလွှဲတာကတော့ သူ့နည်းသူ့ဟန်နဲ့ပဲပေါ့”ဟု ဦးဖေမြင့်ကဆိုသည်။
လက်ရှိ မလေးရှားနိုင်ငံရောက် ၀န်ထမ်းများ မြန်မာနိုင်ငံသို့ငွေလွှဲရာတွင် ဟွန်ဒီစနစ်ဖြစ်သာ အသုံးပြုရသည့်အတွက် လုံခြုံစိတ်ချရမှုမရှိခြင်း၊ နိုင်ငံခြားငွေများပြည်တွင်းသို့ ၀င်ရောက်ရာတွင်လည်း၊ အကန့်အသတ်မလုပ်နိုင်သဖြင့် ပြည်တွင်းငွေလဲနှုန်းကိုပါ ထိခိုက်မှုများရှိခဲ့သည်။ မလေးရှားနိုင်ငံရောက် အလုပ်သမားများ တရားမ၀င်ငွေလွှဲ လုပ်ငန်းများမှ ပေးပို့ခြင်းထက် ငွေလွှဲခသက်သာမည့်အပြင် ဘဏ်များမှ တရားဝင်ရရှိသည့် ငွေလွှဲခများမှ လုပ်ငန်းခွန်ပေးဆောင်ခြင်းဖြင့် နိုင်ငံတော်အတွက် အခွန်ဝင်ငွေ ပိုမိုရရှိနိုင်သည်ဟု သိရသည်။ မြန်မာနိုင်ငံနှင့် ငွေလွှဲလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မလေးရှားမေဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူး တို့သည် ဖေဖော်ဝါရီ ၂၈ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ http://www.7daynewsjournal.com

0 comments:
Post a Comment