နောက်ဆုံးပေါ် ပရင်တာနည်း ပညာတွေကို အလေးထားပြီး ဒီဇိုင်း တည်ဆောက် ထုတ်လုပ် ထားတဲ့ အရည်အသွေး အကောင်းဆုံး ကာလာ ပရင်တာ အမျိုးအစား ဖြစ်ပါတယ်။ Standard အနေနဲ့ Copy, Print, Scan သုံးမျိုးကို အသုံးပြုနိုင်မှာ ဖြစ်ပြီး Fax ဝန်ဆောင်မှု ကိုလည်း Optional အဖြစ် ထည့်သွင်းလို့ ရပါတယ်။
A4စာ ရွက်တွေကို ကာလာနဲ့ဖြစ်ဖြစ်၊ အဖြူ အမည်းနဲ့ဖြစ်ဖြစ် စာရွက်ရေတစ်မိနစ် ကို ၅၅ ရွက်ခန့် ထုတ်နိုင်တာက ဒီပ ရင်တာရဲ့ အဓိကအားသာချက်တွေ ထဲက တစ်ခုပါပဲ။ စာရွက် ထည့်လို့ရတဲ့ Tray လေးခုပါဝင်ပြီး Tray တစ်ခုမှာ စာရွက်ရေငါးရာ ခန့်ထည့်လို့ ရတဲ့အပြင် Bypass အနေနဲ့စာရွက် ၉၀ ခန့် ဖြည့်ဆည်းနိုင်တာကြောင့် စုစုပေါင်း စာရွက်ရေ ၂၀၉၀ ခန့်ထည့်ထားလို့ ရမှာပါ။
ကျစ်လျစ်တဲ့ ဒီဇိုင်းကလည်း ပရင်တာအသုံးပြုသူတွေအတွက် ဆွဲ ဆောင်မှု တစ်ခုဖြစ်သလို ရုပ်ထွက် အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေ ထုတ်တဲ့ အခါမှာလည်း LED Print Head နည်းပညာကို အသုံးပြုထား တာဖြစ်လို့ အကောင်း မွန်ဆုံး အရည် အသွေးရှိတဲ့ ရုပ်ပုံတွေကို မြင်တွေ့ရမှာ ပါ။
အလွယ်တကူ ချိန်ညှိလို့ရတဲ့ User Interface ကလည်း ဒီလို အရည်အသွေး ကောင်းတဲ့ ပရင်တာ မျိုးတွေကို အသုံးပြုတာ အသားမကျ သေးတဲ့သူတွေအတွက် အလွန်အ ဆင်ပြေစေပါတယ်။
Ethernet ကွန် ရက်ကို Standard အနေနဲ့အသုံးပြု နိုင်မှာဖြစ်ပြီး ကြိုးမဲ့ကွန်ရက်နဲ့ အသုံးပြု ချင်သူတွေအတွက်လည်း အဆင်ပြေ တဲ့ အထောက်အပံ့တွေကို ပြုလုပ်ပေး ထားပါတယ။် http://www.yoyarlay.com
0 comments:
Post a Comment