ဆယ်လီ ဘရစ်တီတွေ အာဟာရဓာတ်စာ စားတာ အထူးအဆန်း မဟုတ် ပါဘူး။ အချို့ဆိုရင် သူတို့ရဲ့ သရုပ်ဆောင်မှု အခန်းကဏ္ဍများ အထောက်အကူပြုဖို့ ထူးထူးဆန်းဆန်း စားသောက်တာတွေ တွေ့ရပါ တယ်။
Davichi အမျိုးသမီးငယ်တေးဂီတအဖွဲ့မှ ကန်မင်ကျွန်က သူမ အနေနဲ့လည်း အာဟာရဓာတ်စာ စားပါတယ်။ အထူးသဖြင့် ရက်တို ဓာတ်စာကို စားလေ့ ရှိကြောင်း ပြော ပါတယ်။ ကန်မင်ကျွန်က တစ်နေ့ကန်စွန်းဥတစ်လုံး ထက်ဝက်စားခြင်းဖြင့် ဗီတာမင်အချိုရည် Miero Fiber ကြော်ငြာများ မရိုက်မီ နှစ်ပတ် အတွင်း ကိုယ်အလေးချိန် ၆ ကီလိုဂရမ် ၁၃ ပေါင် လျော့ကျသွားကြောင်း ဖွင့်ပြော ပါတယ်။ "ကျွန်မ ချောကလက်တွေ၊ ကွက်ကီးတွေကိုကြိုက်တယ်။ ဒါပေ မယ့် အဲဒီ သရေစာတွေအစား ကျွန်မဟာ မချက်ပြုတ်ရသေးတဲ့ ကန်စွန်းဥ တစ်ကိုက်၊ နှစ်ကိုက်ခန့် စားပါတယ်" လို့ မတ် ၂၁ ရက်တွင် ထုတ်လွှင့်တဲ့ SBS
''Night of TV Enter ta inment''တွင် ကန်က ပြောပြပါတယ်။ ကိုယ်အလေးချိန်လျော့ကျဖို့ သူမရဲ့ ဒုတိယလျှို့ဝှက်ချက်က "အနက်ရောင် အစား အစာ" ဖြစ်ပါတယ်။ အဆိုတော်က သူမဟာ ရုပ်ရှင်မင်းသမီး လီမီ ဆွတ် နှမ်းနက်၊ ပဲနက်၊ အနက်ရောင်ဆန်နှင့် နို့တို့ကို ရောနှောစားသောက် တာ မြင်တွေ့ရပြီး သူမကိုယ်တိုင် အလားတူ စားသောက်ဖို့ ဆုံးဖြတ်ခဲ့ ကြောင်း ပြောပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၀ ခုနှစ် ''Smile, Mom'' ဒရာမာတွင် အတူတူတွဲပြီးပါဝင်ခဲ့ကြပါတယ်။ http://www.yoyarlay.com

0 comments:
Post a Comment