http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Mar 2012

ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သို့ ဘုရားဖူးများ နေ့စဉ် ငါးသိန်းနီးပါး လာရောက် PDF


ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ကာလအတွင်း ဘုရားဖူးဧည့်သည် တစ်နေ့လျှင် ငါးသိန်းနီးပါး လာရောက်ကြပြီး တစ်နေ့လျှင်အဆိုပါ ဘုရားဖူးဧည့်သည်များအနက်မှ လူကွဲ၊ လူပျောက်ခဲ့သည့် ဖြစ်စဉ်မှာ ၁၀ ကြိမ် နီးပါးဖြစ်ပွားခဲ့သဖြင့် ကူညီ ဆောင်ရွက်ပေးခဲ့ရကြောင်း ဂေါပကရုံး လုံခြုံ/မီးသတ် ဌာနမှဌာနမှုးဖြစ်သူ ဦးထွန်းအောင်ငွေ က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပွဲတော်ကာလအတွင်း တစ်နေ့လျှင် ၁၀ ကြိမ်နီးပါး လူကွဲ၊ လူပျောက်ဖြစ်ပွားခဲ့သူ အများစုမှာ နယ်ဝေးမှ လာရောက်ဖူးမြော်သူများ ဖြစ်ကြပြီး အသက်အရွယ် အများစုမှာ ကလေး အရွယ်နှင့် အသက်အရွယ်ကြီးသူများ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍လုံခြုံ /မီးသတ်ဌာနမှူးက “အခုလိုမျိုး လူကွဲ လူပျောက်ခဲ့မယ်ဆိုရင် ရင်ပြင်တော် ပေါ်မှာရှိတဲ့ ဂေါပကရုံးနဲ့ပြန်ကြားရေးနှင့် လုံခြုံရေးရုံးခန်းတွေမှာ အမြန်ဆုံး အကြောင်းကြားသင့်တယ်။ လူစုကွဲသွားတဲ့နေရာကို တိတိကျကျပြောနိုင်ရင်တော့ ရှာပေးရတာပိုပြီး လွယ်ကူမြန်ဆန်စေမှာပါ”ဟု ပြောကြား ခဲ့သည်။
နိုင်ငံခြား ခရီးသွား ဧည့်သည်များကမူ အခြားရက်များထက် လာရောက်မှု ပုံမှန်ထက် အနည်းငယ် လျော့နည်းခဲ့ကြောင်းလည်း သိရှိရပါသည်။
အဆိုပါကဲ့သို့ ရွှေတိဂုံ စေတီတော်နှစ် ၂၆၀၀ ပြည့် ဗုဒ္စပူဇနိယ ပွဲတော်ရက်အတွင်း တစ်နေ့လျှင် ပျမ်းမျှ ဦးရေ ငါးသိန်းနီးပါး လာရောက်ကြသဖြင့် လုံခြုံရေးကိစ္စများကို ၀င်ပေါက် ၁၂ ခုတွင် အင်အားဦးရေ ၄၀ ကျော်ဖြင့် စစ်ဆေးလျက်ရှိကြောင်း ဂေါပကအဖွဲ့မှ သိရှိရသည်။    ELEVEN MEDIA မှကူးယူတင်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif