
အဆိုပါ ညွှန်ကြားချက်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် ၁၂၁။၂၀၁၂ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၁၂ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင် အကျိုးသက်ရောက်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုတွင် သဘာဝသယံဇာတကုန်စည်များ ဖြစ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်းနှင့် ကျွန်းသစ်တင်ပို့မှု တို့မှဝင်ငွေ အများအပြား ရရှိနေသည်။ ၂၀၁၁-၂၀၁၂ (ဖေဖော်ဝါရီ)လအထိ စာရင်းများအရ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၇၇၁၇ ဒသမ ၅၀ သန်းတင်ပို့ထားပြီး သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂၉၄၇ ဒသမ ၃၀ သန်း၊ ကျောက်စိမ်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၇၄၇ ဒသမ ၄၀ သန်း ရရှိ ထားသည်။
၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသို့ စတင်တင်ပို့ရောင်းချမည့် ရွှေသဘာဝဓာတ်ငွေစီမံကိန်း၊ ၂၀၁၃ခု နှစ်တွင်ပင် ထိုင်းနိုင်ငံသို့တင်ပို့ ရောင်းချမည့် ဇောတိကသဘာဝ ဓာတ်ငွေ့ စီမံကိန်းများပြီးစီးပါက ယခုထက် ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ပြည်ပပို့ကုန်ရငွေ ပမာဏ ပိုမိုများပြားလာမည် ဖြစ်ကြောင်း၊ ထို့ပြင် အမျိုးသားစီမံကိန်းမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ကျွန်းသစ် ၂၃၂၉၈၆ ကုဗတန်နှင့်သစ်မာ ၂၂၆ ၃၂၅၈ ကုဗတန် ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း သိရပါသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေချိုရေငန်ထွက် ပစ္စည်းများ၊ တိရစ္ဆာန်နှင့်တိရစ္ဆာန် ထွက်ပစ္စည်းများ၊ သစ်၊ ၀ါး၊ ကြိမ် တို့ဖြင့် ပြုလုပ်ထားသော တန်ဖိုးမြှင့် ပစ္စည်းများ၊ လက်ခစားအပ်ကုန် စနစ်(CMP) ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ သစ်သီးဝလံ အမျိုးမျိုး အပါအ၀င် ဥယျာဉ်ခြံထွက် သီးနှံပစ္စည်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်အား ၂၀၁၂ ခုနှစ် သြဂုတ်လလယ် ၀န်းကျင်အထိ ကင်းလွတ်ခွင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုထုတ်ပြန်ချက်ကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများ၊ သစ်မာသစ်လုံးနှင့် သစ်မာခွဲသားများ၊ ကျောက်စိမ်းနှင့် အဖိုးတန် ကျောက်မျက်ရတနာများမှ အပကျန်ကုန်ပစ္စည်းများအား ကုန်သွယ် လုပ်ငန်းခွန် သက်တမ်း အကန့်အသတ် မရှိ ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ပါသည်။ http://www.weeklyeleven.com/index.php?option=com_content&view=article&id=13005:2012-03-28-06-51-05&catid=99:2011-04-10-07-08-41&Itemid=174
0 comments:
Post a Comment