http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Mar 2012

ရှင်မဖြူကျွန်းရယ်၊ Shahpuri (Shapooree) Island and St. Martin Island များကို ရှေးမြေပုံများအရတင်ပြခြင်း


အထက်ပါကျွန်းများအကြောင်းနှင့် ပိုင်ဆိုင်မှုများအကြောင်းကို ဆရာငြိမ်းချမ်းအေးက - စိန့်မာတင်၊ ရှင်မဖြူနဲ့  အင်္ဂလိပ်-မြန်မာ ပထမစစ် - အကြောင်းကို အများစိတ်ဝင်စားပြီး မှတ်သားဘွယ်ကောင်းတဲ့စာစောင်ကို ဖတ်ရပါတယ်။ ယခုစာစီနေတဲ့အချိန်အထိ မှတ်ချက်ပေါင်း ၃၇ ခုအထိဆွေးနွေးကြတာကိုကြည့်ပြီး အများစိတ်ဝင်စားတာရယ်၊ ဆရာကိုယ်တိုင် စိတ်ရှည်လက်ရှည်ရှင်းပြထားတာတွေကို အထူးကျေးဇူး တင်မိပါတယ်။ ကျနော်ကိုယ်တိုင်က သမိုင်းဆရာလည်းမဟုတ် စာရေးဆရာလည်းမဟုတ်ပေမဲ့၊ ရှေးမြေပုံတစ်ချပ်နှင့် စာအုပ်တစ်အုပ် ကြောင့် အထက်ပါကျွန်းများအကြောင်းကို ကျတော်နားလည်သလို အားဖြည့်ကူညီလိုပါသည်။

ပထမဦးဆုံး ကျနော့်မှာရှိသော မြေပုံအညွှန်းမှာ အောက်ပါအတိုင်းရေးထားပါသည်။

အထက်ပါစာအရ ၁၈၅၇ လန်ဒန်မြို့မှထုပ်ဝေခဲ့ပါသည်။ ဌင်းမြေပုံမှ စိန့်မာတင်ကျွန်းနေရာကိုကွက်ပြီးကူးယူ ဖေါ်ပြပါသည်။ အောက်ပါပုံ ကိုကြည့်ပါ၊ စက်ဝိုင်းအနီပြထားသောနေရာတွင်းမှာ St. Martin Is. ဆိုသောကျွန်းမှာ (မြစ်ကို အလယ်ခေါင်မှပိုင်းလျှင်) မြန်မာပြည်ဘက် မှာမပါပါ။ ၎င်းစိန့်မာတင်ကျွန်းအထက်နားက Shapooree I. ဆိုသည်မှာ ယခုစာလုံးပေါင်းအရ Shahpuri ကျွန်းဖြစ်နေပါသည်။ တကယ်ကြ တော့ ၎င်းကို ကျွန်းလို့လည်းခေါ်နိုင်ပါသည်။ ရေကျော်ကလေးဖြစ်နေသောကြောင့် ကျွန်းစွယ်လို့ခေါ်လျှင် ပိုမှန်နိုင်ပါသည်။ ၎င်းကျွန်းစွယ် ကလေးမှာလည်း မြစ်၏အနောက်ဖက်ကမ်းမှာရှိနေတာကြောင့် မြန်မာမပိုင်ပါ။
ပုံ (၁)

အထက်ပါမြေပုံအရ St. Martin Island နှင့် Shahpuri Island ဟာမတူသောကျွန်းနှစ်ခုဖြစ်နေပြီး မြန်မာဘက်ကမ်းမှာမပါပါ။ တဖန် နတ် မောက်ဘုန်းကျော်ပြုစုသည့် - အင်္ဂလိပ်-မြန်မာစစ်သမိုင်း- ၁၉၆၆ ပုံနှိပ်ခြင်း၊ စာမျက်နှာ ၂၅ ၊ အချပ်ပို ပုံအရ၊ ရှင်မဖြူကျွန်းဆိုသည်မှာ စိန့် မာတင်ကျွန်း၏နေရာမှာဖြစ်နေပါသည်။ အောက်ပါပုံကိုကြည့်ပါ။ စက်ဝိုင်းအနီထဲမှာပြထားပါသည်။ (ပုံ၏ အောက်ခြေရှင်းလင်းချက်မှာ၊ ၊ ပထမစစ်ပွဲအတွင်း အင်္ဂလိပ်-မြန်မာ ချီတက်ရာလမ်းကြောင်းနှင့်ယင်းတို့ တွေ့ဆုံရာဒေသများ။)

နိဂုံးနေနဲ့ ကျနော်မှတ်ချက်ပေးလိုသည်မှာ ...
(၁) St. Martin Island နှင့် Shahpuri Island ဟာမတူသော ကျွန်းနှစ်ခုဖြစ်နေပြီး မြန်မာဘက်ကမ်းမှာမပါပါ။
(၂) St. Martin Island နှင့် ရှင်မဖြူကျွန်းသည် အတူတူဖြစ်ပါသည်။

အထက်ပါ မြေပုံများကိုကြည့်၍ ကောက်ချက်ချခြင်းဖြစ်ပါသည်။ ထို့ထက်ပိုပြီးတိကျသောအထောက်အထားများရှိပါက ၀မ်းသာကြိုဆိုလျှက် ကျနော်ကိုပြင်ပေးပါခင်ဗျား။

http://moemaka.blogspot.com/2012/03/mon-oo-myay-articles.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+blogspot%2FLZqAU+%28%E1%80%99%E1%80%AD%E1%80%AF%E1%80%B8%E1%80%99%E1%80%81+%E1%80%99%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AC+-++MoeMaKa+News+%26amp%3B+Media%29

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif