http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

ကားဆိုတာ ကျွန်တော့်ရဲ့ Best Friend ပါ Dဖြိုး


ကားဆိုတာ ကျွန်တော့်ရဲ့ Best Friend ပါ Dဖြိုးလူတိုင်း စိတ်ဝင် စားကြတဲ့ လူ့ အသုံးအဆောင် ပစ္စည်းတွေ ထဲမှာ ကားတစ်စီးလည်း ပါလိမ့်မယ်လို့ ထင်ပါတယ်။ မဝယ်နိုင် သည့်တိုင် အောင် လမ်းပေါ် မှာ ကားလှလှ လေးတွေ တွေ့တဲ့ အခါ စိတ်ဝင်တ စားနဲ့ ငေးမော ကြည့်ရှု မိတာက တော့ အမှန်ပါပဲ။ အဲဒီ့လိုပဲ Celebrity တွေကရော ကားနဲ့ ပတ်သက်ပြီး ဘယ်လို စိတ်ဝင်စား မှုတွေ ရှိတယ် ဆိုတာ Celebrity & Car ဆိုတဲ့ ကဏ္ဍလေး ကနေ တင်ဆက်လိုက်ပါ တယ်....
ကားဆိုတာကို ဘယ်လို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆို ချင်ပါသလဲ။
ကားဆိုတာ ကျွန်တော့်ရဲ့ Best Friend ပါပဲ။ ဘယ်သွားသွား သူပါမှ ဖြစ်မှာလေ။ ကျွန်တော် ဘယ်သွားသွား ကျွန်တော့် နောက်ကို မညည်း မညူဘဲ လိုက်တယ် လေ။
ကားနဲ့ ပတ်သတ်ပြီး ဘယ်လို ကားမျိုးတွေ သဘောကျပါလဲ။ ဘယ်သူတွေပိုင်ဆိုင်တဲ့ကားတွေကို ပိုသဘောကျပါသလဲ။
ကျွန်တော်က ပြိုင်ကားတွေပို သဘောကျတယ်။ လက်ရှိကတော့ အဖေက ပေးမစီး ဘူး။ ကျွန်တော် ကားမောင်းကြမ်းလို့။
ကိုယ်ပိုင်ကားမောင်းပြီး မိသားစုနဲ့ ခရီးသွားမယ် ဆိုရင် ဘယ်နေရာကိုသွားချင်လဲ။
ကိုယ်တိုင် ကားမောင်းပြီး သွားရမယ်ဆို နေရာ မရွေးပါဘူး။ မိသား စုနဲ့ဆို ပိုတောင်ပျော်သေးတာပေါ့။
ကားထဲမှာ ဘယ်လို Accessories တွေထည့်ဖြစ်လဲ။
အစုံပါပဲ။ ကားနဲ့ ပတ်သက်ပြီး ကျွန်တော် သဘောကျတာတွေ တွေ့ ရင် ဝယ်ထည့်လိုက်တာပဲ။ အဓိက ကတော့ ကက်ဆက်နဲ့ ဆောင်းဘောက်စ်ပေါ့။
ကားကို ကိုယ်တိုင် မောင်းတာနဲ့ သူများမောင်းတာ ဘယ်ဟာကို ပိုကြိုက်ပါသလဲ။
ကိုယ်တိုင် မောင်းရ တာကို ပို ကြိုက်တယ်။ လူတစ်ယောက် အတွက် ကားတစ်စီးက ဘယ်လောက်အထိ အရေးပါတယ်လို့ ခံစား ရပါသလဲ။ မရှိ မဖြစ်တော့ မဟုတ်ဘူးပေါ့ နော်။ ရှိရင်တော့ ပိုကောင်းတာ ပေါ့။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif