http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

မန္တလေးနှင့် ပျဉ်းမနားကြား အချိန်မရွေး ငလျင်ကြီးလှုပ်နိုင်


မန္တလေးနှင့် ပျဉ်းမနားကြား အချိန်မရွေး ငလျင်ကြီးလှုပ်နိုင်စစ်ကိုင်း ပြတ်ရွေ့ ပေါ်ရှိ မန္တလေး မြို့နှင့် ပျဉ်းမနား မြို့ကြားတွင် ငလျင် ကြီးများ အချိန်မရွေး လှုပ်နိုင်သည်ဟု မြန်မာနိုင်ငံ ငလျင် ကော်မတီ အတွင်း ရေးမှူး ဦးစိုးသူရထွန်း က ပြောသည်။
စစ်ကိုင်း ပြတ်ရွေ့သည် မြန်မာ နိုင်ငံ ထဲတွင် ကုန်းပေါ် ကီလို မီတာ ၁၀ဝ၀ ခန့်ရှိပြီး ယေဘုယျ အားဖြင့် ငလျင်လှုပ်ပါက ကီလို မီတာ ၁၀ဝ ရှိသော အပိုင်းတစ် ပိုင်းချင်းစီက ငလျင်ပမာဏ အ ဆင့် ၇ ကျော်ကျော် လှုပ်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း၊ ငလျင် အဆစ်အပိုင်း ပိုင်းပြီး လေ့လာ သည့်အခါတွင် ၁၉၂၉-၃၀ ခုနှစ် ခန့်က ပဲခူး၊ ဝေါ၊ ဆွာ ငလျင်များ လှုပ်ခဲ့ပြီး ၁၈၃၉ နှင့် ၁၉၅၆ ခုနှစ်တို့တွင် စစ်ကိုင်း၊ အင်းဝ ဒေသများ၌ လှုပ်ခဲ့ကြောင်း၊ သ သော်လည်း မန္တလေးနှင့် ပျဉ်းမနား ကြားတွင် ငလျင် သေးသေး များပင် မလှုပ်သေးသောကြောင့် ငလျင်ကြီးများ ဖြစ်စရာ ကျန်နေ ခြင်းဖြစ်ကြောင်း ဦးစိုးသူရထွန်းက ပြောသည်။
"ကျောက်ဆည်နား တစ်ဝိုက် မြင်စိုင်းနဲ့ မက္ခရာ မြို့ဟောင်း တွေမှာတော့ အသေးစိတ် လေ့လာမှု မပြုရသေးဘူး။ ပြတ်ရွေ့ရဲ့ သဘောသဘာဝအရ တချို့နေရာ တွေမှာ ငလျင်မလှုပ်ဘဲ ဖြည်း ဖြည်းချင်း ရွေ့နေတဲ့ အပိုင်းတွေ ရှိတယ်။
ဒါပေမဲ့ ဒီနေ့အထိ လေ့လာချက်တွေ အရတော့ ဖြည်းဖြည်းချင်း ရွေ့နေတဲ့ အနေအထား တွေလည်း မတွေ့ရဘူး။ အဲဒါကြောင့် ဒီနေရာ တွေမှာ ငလျင်ကြီးတွေ လှုပ်ဖို့အတွက် အားယူနေတဲ့ ဖြစ်စဉ်မျိုးလည်း ရှိကောင်းရှိနိုင်မယ်"ဟု ၄င်းက ဆက်လက်ပြောသည်။
စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက် မန္တလေး၊ အင်းဝ၊ စစ်ကိုင်းတောင် ရိုး အတိတ်ငလျင် သုတေသန အနေဖြင့် တူးဖော်လုပ်ကိုင်ထား သော်လည်း မည်သည့်အဖြေမှ မရသေးကြောင်း ဦးစိုးသူရထွန်း က ပြောသည်။
"တချို့ ပညာရှင်တွေက တော့ စစ်ကိုင်းပြတ်ရွေ့ရဲ့ မန္တ လေးနဲ့ ပျဉ်းမနားအပိုင်းက မလှုပ် ရှားဘဲ အရှေ့ဘက်မှာရှိတဲ့ ပန်း လောင်ပြတ်ရွေ့ဘက်မှာများ လှုပ် ရှားနေတာလားလို့ ယူဆကြပါ တယ်။ အသေးစိတ် လေ့လာမှု တွေတော့ လုပ်ဖို့ လိုသေးတယ်။ အတိတ်ငလျင်ကို သိနိုင်ဖို့ဆိုတာ ကန့်လန့်ဖြတ် ကျင်းတွေတူးပြီး ရှာ ရတာ။ အဲဒီအပိုင်းတွေ လှုပ်ဖို့ လိုနေသေးတယ် " ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်း ပြော သည်။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif