http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Apr 2012

ရဟန်းဒါယကာဖြစ်သွားတဲ့ ပြေတီဦး

လတ်တလောမှာ ပြေတီဦးက ရတနာ မြိုင်ဆောက်လုပ်ရေးကြော်ငြာကို ဇနီးဖြစ်သူ နဲ့အတူ မန္တလေးမှာ လာရောက်ရိုက်ကူးနေပါတယ်။ မန္တလေးရောက် ပြေတီဦးကို လတ်တလော ရုပ်ရှင်လောကသားတွေမျှော်လင့်နေ တဲ့ “ရုပ်ရှင် အစည်းအရုံးအဖွဲ့အသစ်” ပေါ် မှာ သူဘယ်လောက်မျှော်လင့်ထားလဲ မေးတော့…. အကောင်းဆုံးဖြစ် အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အသစ်ဖွဲ့ထားတဲ့အဖွဲ့ ကိုတော့ တရားဝင် လွှဲပေးဖို့တော့ လို အပ်နေတာပေါ့။ တရားဝင်ဖြစ် မလာသေးတော့ ဘာဖြစ် လာမလဲ စောင့် ကြည့် ရတဲ့ အနေအထားပဲ ရှိသေးတယ်။ အဓိက ပြုပြင် ပြောင်းလဲရမယ့်အရာကတော့ တစ်ခုတည်း မဟုတ်ပါဘူး။ အရာအားလုံးက ပျက်စီးနေ တော့ အားလုံးကိုပြောင်းလဲရမှာပါ”လို့ ပြော ပါတယ်။ ရုပ်သံလိုင်းတွေမှာ ဗီဒီယိုပြသတဲ့ အခါ ရပိုင်ခွင့်နဲ့ပတ်သက်ပြီး ကို ပြေတီဦး ဘာပြောချင်လဲ ဆိုတော့… ညကျွန်တော် တစ်ယောက်ထဲအမြင် ပြော ရရင်တော့ အမှန်တကယ်က ဘယ်သူတွေက ဘယ်လောက်လိုချင်တယ်”လို့ ပြောကြတာက အဓိကက အနုပညာသမားတွေက ပိုက်ဆံကို လိုချင်လို့တောင်းကြတာမဟုတ်ဘူး။ ဒီလိုမျိုး တစ်ယောက်ကဘယ်လောက်၊ တစ်ယောက်က ဘယ်လောက်ဆိုပြီးတောင်းရင် ဒီအပေါ်မှာ ကုန်ကျစရိတ်တွေမြင့်လာမယ်။ မြင့်လာရင် ကားတွေကို ဝယ်ယူပြီးပြသတဲ့နှုန်းကျသွား တယ်။ နောက်ဆုံး ဝယ်မပြနိုင်တော့တဲ့အထိ ဖြစ်သွားအောင် ရည်ရွယ်တာလို့ထင်ပါတယ်” လို့ ပြောပါတယ်။ သင်္ကြန်အစီအစဉ်နဲ့ပတ် သက်ပြီး လတ်တလောမှာတော့ သင်္ကြန်တွင်း နားဖို့စီစဉ်ထားကြောင်း၊ ပြည်တွင်းမှာ နားဖြစ် မလား၊ ပြည်ပမှာနားဖြစ်မလားဆိုတာ အတိ အကျမသိနိုင်သေးကြောင်း ပြေတီဦးကပြော ပါတယ်။ ပြေတီဦးက ခင်လှိုင်၊ ဒိန်းဒေါင် တို့ရဲ့အလှူမှာ ပါဝင်ဖြစ်တာနဲ့ပတ်သက် ပြီး “သူတို့နိုင်တဲ့ ဝန်နဲ့ အကောင်းဆုံး ဖြစ်အောင် လှူနေကြတဲ့လူတွေပါ။ သူတို့ကို အားပေးချင်တာပါတယ်။ ကုသိုလ်ယူချင်တာလည်းပါတယ်။ အဲဒါ ကြောင့် ရဟန်း ၅ ပါး တာဝန်ယူခဲ့တာပါ” လို့ ပြောပါတယ်။ 
popularmyanmar.com/mpaper/archives/40728

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif