http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Apr 2012

အောင်ရဲလင်း မကွေးခရီးစဉ် အမှတ်တရ


 အောင်ရဲလင်းက မတ်လ၂၈ရက်နေ့မှာ မကွေးမြို့ကျောင်း တော်ရာက ပရိသတ်တွေနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ခရီးကဝေးပေမယ့် သွားရတာပျော်ဖို့ကောင်းပြီး သင်္ကြန် နားနီးတဲ့အတွက် သင်္ကြန် သီချင်းတွေဆိုခဲ့ကြောင်း ပြောပါတယ်။ မကွေးမြို့ကို မရောက် တာကြာ နေပြီဖြစ်ပြီး မကွေးပရိသတ်နဲ့လည်း တွေ့ချင် တဲ့အတွက် ရောက်ေ အာင်သွားခဲ့တာပါလို့ ဆိုတဲ့ အောင်ရဲလင်းက.. “ပွဲက ၃ဝ၊၃၁ရက်နေ့မှာရှိတာ။ ၂၈ရက်နေ့ကတည်းက သွားတယ်။ မကွေးပရိသတ် ကို ၂ညဖျော်ဖြေတယ်။ အေးအေးေ ဆးဆေး နေချင်တာလည်းပါတယ်။ မကွေးက မြသလွန်ဘုရားသွားဖူးတယ်။ ရွှေသင်္ကန်းကပ်ခဲ့တယ်။ အဲဒါလေးကတော့ အမှတ်တရပေါ့”လို့ ပြောပါ တယ်။ အောင်ရဲ လင်းက ဒါရိုက်တာသားကြီးနဲ့ရိုက်ကူးတဲ့ ‘ပဉ္စလက် အမုန်း’ဇာတ်ကားကို မိုးဟေကိုနဲ့ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ ကိုယ့်ကြောင့် သေသွားတဲ့ သူငယ်ချင်းရဲ့ မိသားစုအတွက် ပြန်ပေးဆပ် တဲ့သူအဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ အောင်ရဲလင်းနဲ့မိုးဟေကိုတို့ အရင်က သရုပ် ဆောင်ခဲ့ကြတဲ့ ‘အက်စစ်ချို’၊ ‘ဝေးလွင့်ခြေရာ’ ဇာတ်ကား တွေကို ပရိသတ်အကြိုက်တွေ့ခဲ့ရသလို အခုသူတို့ နှစ်ဦးဆုံတဲ့ ‘ပဉ္စလက်အမုန်း’  ဇာတ်ကားကလည်း ဇာတ်လမ်းက ထူးခြားပြီး ရိုက်နေကျပုံစံနဲ့ကွဲထွက်တဲ့ အတွက်ပရိသတ်အကြိုက်တွေ့နိုင်မှာဖြစ်ကြောင်း အောင်ရဲ လင်းပြောပါတယ်။ အောင်ရဲလင်းက သရုပ်ဆောင်ဖြစ် ပေမယ့်လည်း ဓာတ်ပုံရိုက်ခဲပါတယ်။ ခရီးတွေထွက် ရင် လည်း ဓာတ်ပုံရိုက်တာနည်းပါးပြီး တစ်ခုခုအမှတ်တရ အထိမ်း အမှတ်ရှိမှပဲ ရိုက်ဖြစ်တတ်ကြောင်း၊ အပျော် ခရီးဖြစ်ကြောင်း အောင်ရဲလင်းက ပြောပါတယ်။ နယ် ထွက်ပြီး ပရိသတ်နဲ့တွေ့ဆုံမယ့် ခရီးစဉ်တွေလည်း ကျန်ရှိ နေပြီး၊ ဒီနှစ်ထဲမှာ သင်္ကြန်ပြီးရင် သံယောဇဉ် ထုတ် လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာမိုက်တီးရိုက်မယ့် ‘ဖိုင်တွဲ   လေးများ’ဒီဗီဒီဇာတ်ကားကို ဝတ်မှုံရွှေရည်နဲ့ ရိုက်ကူး မှာဖြစ်ပါတယ်။ ကျော်သူ သရုပ်ဆောင်ခဲ့တဲ့နေရာမှာ သရုပ်ဆောင်ပေမယ့်လည်း ဖိအားတော့ရှိမနေတဲ့အကြောင်း ကို. . . “ကျွန်တော့်ပုံစံအတိုင်းပဲ သရုပ်ဆောင် သွားမှာပါ။ ဒီဇာတ်ကားက တအားအောင် မြင်ခဲ့တဲ့ ကားတစ်ကားပဲ။ ဖိအားတော့ မထားတော့ဘူး။ ဗားရှင်းပြန် သစ်လိုက် တဲ့ သဘောပေါ့။ ‘ဖိုင်တွဲလေးများ’ဆိုရင် ကျွန်တော်အပါအဝင် လူငယ်ပရိသတ်တွေသိပ် မကြည့်ဖူးသေးတဲ့ ကားပေါ့။ ဒီကားလေးကို ဗားရှင်းပြန်သစ်ရတဲ့အတွက်   ကျေ နပ်ပါ တယ်။ ကိုမိုက်နဲ့လည်း ရိုက်မှာဆိုတော့ အကောင်းဆုံးဖြစ် အောင်သရုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။  အောင်ရဲလင်းက မေလမှာ မဟော်ဂနီထုတ်လုပ်ရေးနဲ့ ‘တကယ်ဆိုရင် အချစ်ပဲလိုတယ်’ဇာတ်ကားကို အိန္ဒြာကျော် ဇင်နဲ့ ရိုက်ကူးမှာဖြစ်ကြောင်း ဒီဗီဒီ(သို့မဟုတ်)ရုပ်ရှင် တစ်ခုခုတော့ဖြစ်မယ်ထင်ကြောင်း၊ ဇွန်လမှာတော့ မဟော်ဂနီနဲ့ပဲ စာရေးဆရာမဂျူးရဲ့ ‘ကြာတော့သည်လည်း မောင့်စကား’ရုပ်ရှင်ဇာတ်ကားကြီးကို နေမင်း၊ သက်မွန် မြင့်၊ ဒါရိုက်တာဝင်းထွန်းထွန်းတို့နဲ့ ရိုက်ကူးမှာဖြစ်ေ ကြာင်း သိရပါတယ်။ 
popularmyanmar.com/mpaper/archives/40743

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif