http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

30 Apr 2012

မဟာမြတ်မုနိ ဘုရားကြီး ဆိုင်ခန်းပိုင်ရှင်များ ဆန္ဒပြမည်


မဟာမြတ်မုနိ ဘုရားကြီး ဆိုင်ခန်းပိုင်ရှင်များ ဆန္ဒပြမည်
မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး ပရဝဏ်အတွင်း ဖွင့်လှစ် ရောင်း ချနေသည့် ဆိုင်ခန်းပေါင်း ၃၈၀ ကျော်မှ ဆိုင်ခန်းပိုင်ရှင် များသည် ဘုရားကြီး ဂေါပက အဖွဲ့၏ ဆိုင်ခန်းခွန် တိုးမြှင့် ကောက်ခံသည့်ကိစ္စကို မကျေနပ်သဖြင့် ဧပြီလ ၃၀ ရက်နေ့နှင့် မေလ ၁ ရက်နေ့များတွင် မဟာမြတ်မုနိ ဘုရားကြီး ဝင်းအတွင်း စီတန်းလှည့်လည် ဆန္ဒပြမည် ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ အဆိုပါ ဆန္ဒပြခြင်းကို မနက်ဖြန် မွန်းလွဲ ၁ နာရီတွင် စတင်မည် ဖြစ်ပြီး ၂ ရက်တိတိ ဆိုင်ခန်းများ ပိတ်ထားမည် ဖြစ်ကြောင်း ထပ်မံသိရသည်။ 
www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif