http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

30 Apr 2012

ဟောင်ကောင်မှာ လေလံတင်မယ့် မြန်မာ့ပတ္တမြား


ဟောင်ကောင်မှာ လာမယ့် မေ ၂၉ မှာလုပ်မယ့် ကျောက်မျက်ရတနာ လေလံတင်ပွဲမှာ ခေတ်ဟောင်းကျောက်မျက်ရတနာတွေ၊ ရှားပါး ကျောက်မျက်တွေအပါအ၀င် မြန်မာနိုင်ငံထွက် ပတ္တမြားနဲ့ နီလာတွေ ပါမယ်လို့ သိရပါတယ်။



ဒီကျောက်မျက်လေလံပွဲရဲ့ အထင်ကရ ကျောက်မျက်တွေထဲမှာ ၆.၄ ကာရက် ရှိတဲ့ မြန်မာပြည်ထွက် ခိုသွေး ပတ္တမြားတလုံး ပါပါတယ်။

အရည်အသွေး ကောင်းမွန်လှတဲ့ အဲ့ဒီပတ္တမြားကို စိန်၅လုံး ၀န်းရံတဲ့ ပန်းပွင့်သဏ္ဍာန် လက်စွပ်ကွင်းထားပါတယ်။ ဒီခိုသွေး ပတ္တမြားဟာ ကမ္ဘာ့ အရည်အသွေး အကောင်းဆုံး ရှားပါး ပတ္တမြားတပွင့်လို့ ဆိုပါတယ်။

ဒီပတ္တမြား လက်စွပ်အတွက် အနိမ့်ဆုံး လေလံဈေး အမေရိကန်ဒေါ်လာ ၂.၅ သန်းကနေ ၃.၈ သန်းအထိ ရနိုင်မယ်လို့ မှန်းထားကြပါတယ်။
ကမ္ဘာ့အကြီးဆုံးနဲ့ အရည်အသွေးအကောင်းဆုံး ပန်းနုရောင် စိန်ပွင့် အပါအ၀င် ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ရှေးလက်ရာ စိန်ပွင့်တွေနဲ့ စီချယ်ထားတဲ့ လက်ဝတ်ရတနာတွေ၊ ကျောက်စိမ်းပုတီး နဲ့ မြန်မာ့နီလာတွေကိုလည်း လေလံတင်မယ်လို့ သိရပါတယ်။





လေလံပွဲရဲ့ အထင်ကရ လက်ဝတ်ရတနာ တချို့



JAR three-diamond ring. Photo Credit: CHRISTIE'S IMAGES LTD. 2012

Jadeite bead necklace. Photo Credit: CHRISTIE'S IMAGES LTD. 2012

12.04-ct. fancy intense pink Type IIa round brilliant-cut diamond ring, by Harry Winston. © Christie's ges Limited 2012 
mImawww.irrawaddyblog.co

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif