http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Apr 2012

အနာဂတ်မှာ မန်စီးတီးအသင်း အောင်မြင်မှာပါဟု ပြောကြားလိုက်သည့် ကွန်ပနီ

အနာဂတ်မှာ မန်စီးတီးအသင်း အောင်မြင်မှာပါဟု ပြောကြားလိုက်သည့် ကွန်ပနီ

အာဆင်နယ်အသင်းအား ရှုံးနိမ့်ခဲ့သဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအိပ်မက်ေ၀၀ါးခဲ့သော်လည်း၊ မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီက လက်ရှိအခိုက်အတန့်သည် အောင်မြင်မှုအတွက် အရှိန်ယူနေခြင်းဖြစ်ကြောင်းနှင့် မဝေးတော့သည့်အနာဂတ်တွင် မန်စီးတီးအသင်းသည် အောင်မြင်မှုများရယူတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ပြီးခဲ့သည့်အာဆင်နယ်နှင့်ပွဲတွင် မန်စီးတီးအသင်းသည် အာတီတာ၏နောက်ကျအနိုင်ဂိုးကြောင့် အရှုံးပေးခဲ့ရပြီး၊ မန်ယူအသင်းနှင့် ရှစ်မှတ်ကွာဟခဲ့သော်လည်း၊ အဆိုပါဘယ်လ်ဂျီယံနောက်ခံလူက သူ၏အသင်းသည် အနာဂတ်တွင် အောင်မြင်မှုရရှိလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“မန်စီးတီးအသင်း အောင်မြင်ပါလိမ့်မယ်၊ ကျွန်တော်တို့ဘယ်နေရာကလာခဲ့သလဲဆိုတာကို ပြန်တွေးကြည့်လိုက်ပါ၊ လက်ရှိအခိုက်အတန့်က ခဏပါ၊ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်၊ ရာသီကုန်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး၊ မန်ယူအသင်းဆီက ချန်ပီယံဖလားကို လုယူနိုင်အောင် ကြိုးစားသွားမှာပါ” ဟု ကွန်ပနီက ပြောကြားခဲ့သည်။

မန်စီးတီးအသင်း၏ဘောလုံးအားကစားဖွံ့ဖြိုးမှုဒါရိုက်တာ ဗီအဲရာကလည်း သူ့အသင်းဟောင်း၏နိုင်ပွဲအား တွစ်တာဆိုဒ်တွင် ချီးကျူးရေးသားခဲ့သည်။

“အာဆင်နယ်အသင်းအတွက် ဂုဏ်ယူပါတယ်၊ သူတို့ဟာ အိမ်ကွင်းမှာ အောင်မြင်မှုကို ဆုပ်ကိုင်နိုင်ခဲ့ပါတယ်၊ ကစားဖို့ (၆)ပွဲကျန်ပါသေးတယ်၊ လက်ရှိအချိန်မှာတော့ ချန်ပီယံဖြစ်ခွင့်က မန်စီးတီးလက်ထဲမှာ ရှိမနေပါဘူး၊ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရပါမယ်”ဟု ဗီအဲရာက ပြောကြားခဲ့သည်။
mutdfan.com/index.php/readmore/post/42142

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif