http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Apr 2012

အောင်မြင်မှုကို ငွေနဲ့ဝယ်လို့မရဘူးဆိုတဲ့ မန်စီးတီးကစားသမား ဂျိမ်း မီနာ

အောင်မြင်မှုကို ငွေနဲ့ဝယ်လို့မရဘူးဆိုတဲ့ မန်စီးတီးကစားသမား ဂျိမ်း  မီနာ
ငွေကြေးသုံးဆွဲနိုင်မှုများနှင့် အောင်မြင်မှုရလာတဲ့မန်စီးတီးအသင်းသည် မကြာသေးမီအချိန်က ချန်ပီယံလိဂ်သရဖူ လမ်းကြောင်း ကနေ သွေဖီခဲ့သည် ။

မန်စီးတီးအလယ်တန်းကစားသမား မီနာကတော့ "နောက်ဆုံး အနှစ် ၂၀ အတွက် အောင်မြင်မှုအများဆုံးအသင်းမှာ မန်ယူအသင်းဖြစ်ပြီး ချန်ပီယံအတွက် အမြဲတမ်းပြိုင်ဆိုင်နေတဲ့အသင်းပါ... ဒီနှစ်က ကျွန်တော်တို့ ပထမဆုံး ထိပ်ဆုံးကို ရောက်လာတာပါ... ကျွန်တော်တို့မှာ ၀ယ်ယူထားတဲ့ ကစားသမားတွေရှိပါတယ်...အဲဒီအတွက်လည်း အချိန်ပေးဖို့လိုပါသေးတယ်...အသင်းတစ်သင်းဟာ အောင်မြင်မှုရဖို့ အချိန်တစ်ခုတော့ စောင့်ဆိုင်းထိန်း သိမ်းဖို့လိုပါတယ်..." ဟု ပြောကြားခဲ့သည် ။

မန်စီနီလက်အောက်တွင် စီးတီးအနေနှင့် ၂ နှစ်အတွင်းမှာ ၂၁၀ သန်း သုံးစွဲထားပြီး မနက်ဖြန်မှာ ၀က်စဘရွန်းနှင့် ရင်ဆိုင် ကစားရမည်ဖြစ်သည် ။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အနိုင်ရရှိတာ မရတာထက် .. ကောင်းတဲ့အချက်တွေကို သင်ယူဖို့လိုပြီး မကောင်းတာတွေကို မေ့ထားလိုက်ဖို့ပဲ ဖြစ်ပါတယ်.." ဟု မီနာက ထပ်လောင်းပြောကြားခဲ့သည် ။
mutdfan.com/index.php/readmore/post/42149

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif