မက်ဆီ၏ဘောလုံးနှင့် ပတ်သက်၍ ပါရမီရင့်သန်မှုမှာ အဆိုပါ အာဂျင်တီး နားသား နှင့် စီရော်လ်နယ်ဒိုတို့ကြား အဓိက ကွာခြားမှု ဖြစ်သည် ဟု အီဗရာ ဟီမိုဗစ်ခ်ျမှ သုံးသပ်ပြောဆို ပြခဲ့သည်။ မက် ဆီနှင့် တစ်ရာသီကြာ လက်တွဲ ကစားခဲ့ဖူးသည့် အီဗရာဟီမိုဗစ်ခ်ျမှ စီရော်နယလ်ဒိုမှ အံအားသင့်ဖွယ် ကစားသမားဖြစ်ပြီး သူ၏ ကြိုးစားလေ့ကျင့်မှုများကြောင့် ယခုလို အကောင်းဆုံး ခြေစွမ်း ရရှိနေခြင်း ဖြစ်သည်ဟု သုံးသပ် ပြောဆိုခဲ့သည်။
“မက်ဆီမှာက ပါရမီ အကုန်လုံး ရှိပြီး စီရော်နယ်လ်ဒို ကတော့ လေ့ကျင့် ကွင်းရဲ့ ထုတ်ကုန်ပါ”ဟု TV3 သို့ အီဗရာဟီမိုဗစ်ခ်ျ မှပြောဆိုခဲ့သည်။ သို့သော်လည်း အီဗရာဟီမိုဗစ်ခ်ျမှ စီရော်နယ်လ်ဒိုမှာ မက်ဆီထက် ပိုမို ပြည့်စုံ ကောင်းမွန်သည့် ကစားသမား ဖြစ်သည်ဟု သူ၏ အမြင်ကို ထုတ်ဖော် ပြောဆိုခဲ့ သည်။ “မက်ဆီ အတွက် ညာခြေမလိုပါဘူး။ သူက ဘယ်ခြေ တစ်ခုတည်း အသုံးပြုတာတောင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်နေသူပါ။ စဉ်းစားကြည့် ပါ သူသာ ညာခြေ အသုံးပြုမယ်ဆို ကျွန်တော်တို့ အတွက်တော့ တကယ့် ပြဿနာပါပဲ”ဟု ဆက်လက် ပြောဆို ခဲ့ သည်။
http://www.yoyarlay.com






0 comments:
Post a Comment